ယူနန်ပြည်နယ်က ဧက(၁၀၀)ကျော်ရှိ “ဆင်ကန်တင်း” စတင်ဖွင့်လှစ်

2021-09-10 16:11:41 |သတင်းအရင်းအမြစ် 新华网

ယူနန်ပြည်နယ်၊ စစ်ဆောင်းပန်းနား တိုင်တိုင်းရင်းသားလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲ၊ ကျင်းဟုံမြို့တွင် ဆင်များအတွက် တည်ဆောက်ထားသော စုစုပေါင်းဧရိယာ မို (၁၀၀၀)( ၁၆၄.၇၃ ဧကနှင့်ညီမျှသည်) ရှိ သီးခြားကန်တင်းကို စတင်ဖွင့်လှစ်ခဲ့ရာ အချို့သောဆင်ကြီးများသည် အဆိုပါအစားအစာ အရင်းအမြစ် စခန်းသို့ ဝင်ရောက်ကာ အစာရှာကြကြောင်း သိရပါသည်။


အရွယ်ရောက်သော ဆင်တစ်ကောင်သည် တစ်နေ့လျှင် အစားအစာ (၂၀၀)ကီလိုဂရမ်ခန့် လိုအပ်ပြီး ကျင်းဟုံမြို့ရှိ ဆင်ကြီးများသည် တစ်ခါတရံ အကောင်(၂၀၀)ထိ ရှိနိုင်ကာ “ဆင်ကန်တင်း”၏ အကျိုးသက်ရောက်မှုကောင်းပါက အနာဂတ်တွင် ဆက်လက် ဖော်ဆောင်သွားမည်ဟု ကျင်းဟုံမြို့ သဘာဝဘေးမဲ့တောမှ တာဝန်ရှိသူက ပြောကြားသည်။