ယူနန်အနောက်ပိုင်း အပူပိုင်းမုတ်သုံရာသီသစ်တော လေ့လာကြည့်ရှု

2021-09-10 17:58:55 |သတင်းအရင်းအမြစ် 人民网

တရုတ်ပြည်မကြီးတွင် ဧရိယာအကြီးမားဆုံးနှင့် မြောက်ဖျားအပူပိုင်း မုတ်သုံရာသီသစ်တောမှာ တရုတ်-မြန်မာ နယ်စပ်ဒေသရှိ ယူနန်ပြည်နယ် တယ်ဟုန်ပြည်နယ်ခွဲ ရင်ကျန်းခရိုင် နဘန်မြို့နယ်တွင် တည်ရှိပါသည်။ အဆိုပါအပူပိုင်းမုတ်သုံရာသီသစ်တောကို ဝင်ရောက် လေ့လာပြီး သစ်တောသစ်ပင်ကာကွယ်ထိန်းသိမ်းရေးအကြောင်းများကို အတူလေ့လာကြပါစို့။

အဆိုပါအပူပိုင်းမုတ်သုံရာသီသစ်တော၏ ထိစပ်သောဧရိယာမှာ ဟက်တာ ၂၆၀၀ ကျော်ရှိပြီး ဇီဝမျိုးစုံမျိုးကွဲ များပြားလှပါသည်။ တရုတ်နိုင်ငံ၏ နိုင်ငံတော်ပထမအဆင့် တောရိုင်းတိရစ္ဆာန်နှင့် ရုက္ခပင်များ ပျံ့နှံ့လျက်ရှိနေပါသည်။

၎င်းအပူပိုင်းမုတ်သုံရာသီသစ်တောအား ကောင်းမွန်စွာ ထိန်းသိမ်းကာကွယ်ရန်နှင့် မိုးရာသီတွင် သဘာဝဘေးအန္တရာယ်ထိခိုက်စေသည့် ရုက္ခပင်များအား ပြန်လည်ရှင်သန်စေရန် ယူနန်ပြည်နယ် ထုံပီကွမ် ပြည်နယ်အဆင့် သဘာဝဘေးမဲ့ဇုန် စီမံအုပ်ချုပ်ရေးညွှန်ကြားရေးဌာနသည် ယင်းအပူပိုင်း မုတ်သုံရာသီသစ်တော၏ အနက်ရှိုင်းဆုံးနေရာတွင် တည်ရှိသည့် နဘန်ခရိုင် လောင်ရှန်ဖိန်ကျီ၌ သဘာဝဘေးမဲ့ဇုန် ထူးခြားသော ရုက္ခပင်များအား လူသားဖြင့် မွေးမြူရေးအခြေစိုက်စခန်းကို တည်ဆောက်ခဲ့ပါသည်။ ရှားပါးပြီးအန္တရာယ်ကြုံနိုင်သော အပင်မျိုးစိတ်များကို လူသားဖြင့် မွေးမြူခြင်းအလုပ် ပြုလုပ်ပါသည်။

ထိုအချိန်မှစ၍ ရုက္ခပင်အမျိုးခွဲခြားခြင်းပညာ၊ ရုက္ခပင်မျိုးပွားခြင်းဂေဟစနစ်ပညာစသည့် နယ်ပယ်များတွင် သုတေသနပြုနေသော ကွန်ချန်ဘန်သည် ၎င်းအပူပိုင်းမုတ်သုံရာသီသစ်တော၌ အခြေစိုက်နေထိုင်လာကြပါသည်။ လုပ်ဖော်ကိုင်ဖက်နှင့်အတူ နေ့စဥ်ကြီးကြပ်အကဲဖြတ်ခြင်းမှတစ်ဆင့် ကျက်စားရာနေရာပြောင်းရွှေ့ခြင်း၊ မူလက ကျက်စားရာနေရာတွင် ထိန်းသိမ်းကာကွယ်ရေးစသည့် ဆောင်ရွက်ချက်များ ကျင့်သုံးကာ အပူပိုင်းမုတ်သုံရာသီသစ်တော၏ ရှားပါးသော ရုက္ခပင်မျိုးစိတ်များ ကာကွယ်ပြီး ဒေသတွင်း ဇီဝမျိုးစုံမျိုးကွဲများနှင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းပေးလျက်ရှိပါသည်။

ဇီဝဂေဟစနစ်မှာ အဆက်မပြတ် ပြောင်းလဲသည့် ဖြစ်စဥ်တစ်ခုရှိပြီး တိရစ္ဆာန် ရှင်သန်ကြီးထွား သကဲ့သို့ ရုက္ခပင်မှာလည်း ရှင်သန်လျက်ရှိကြောင်း၊ အားလုံးသည် ပြောင်းလဲလျက်ရှိနေကြောင်း ကွန်ချန်ဘန်က ဆိုသည်။ ပျက်စီးလွယ်သည့် ဂေဟစနစ်ပတ်ဝန်းကျင်ကို ရင်ဆိုင်နေရသည့်အတွက် ဒီထက်မက ပိုပြီး ပံ့ပိုးပေးနိုင်ရန် သူက မျှော်လင့်လျက်ရှိပါသည်။