Belt &Road ကမ်းလှမ်းချက်တင်ပြသည့် ၈ နှစ်ပြည့်အခါသမယတွင် တူရကီနိုင်ငံတကာစီးပွားရေး ဆက်ဆံရေးကော်မရှင် တူရကီ-အာရှပစိဖိတ်ကောင်စီဥက္ကဋ္ဌ Murat Kolbasi က China Media Group သတင်းထောက်နှင့် တွေ့ဆုံရာတွင် Belt &Road ကမ်းလှမ်းချက်သည် ရှေးဟောင်းပိုးလမ်းမကြီးကို ပြန်လည်ရှင်သန်စေပြီး အရှေ့နှင့်အနောက် ကုန်သွယ်မှု ဟန်ချက်ညီအောင်တိုးမြှင့်ရေးအပေါ် အကျိုးရှိကြောင်း ပြောကြားပါသည်။
လွန်ခဲ့သည့်ရာစုနှစ် ၉၀ ပြည့်နှစ်များကစပြီး Murat Kolbasi သည် တရုတ်ဈေးကွက်နှင့် တရုတ်နိုင်ငံ ဖွံ့ဖြိုးရေးကို စတင်အာရုံစူးစိုက်ခဲ့ပါသည်။ Murat Kolbasi က Belt & Road ကမ်းလှမ်းချက်သည် အာရှနှင့် ဥရောပအကြား စစ်မှန်သော ပေါင်းကူးတံတားတစ်ခု ပြန်လည်တည်ဆောက်ခဲ့သည်ဟု ယူဆပါသည်။ (CRI Myanmar)