တရုတ်နိုင်ငံတော်ကောင်စီ သတင်းပြန်ကြားရေးရုံးသည် သတင်းစာရှင်းလင်းပွဲကို စက်တင်ဘာလ ၁၃ ရက်နေ့ နံနက် ၁၀ နာရီတွင် ကျင်းပပြီး “တရုတ်နိုင်ငံ ကုန်ထုတ်လုပ်မှုနှင့် အင်တာနက်လုပ်ငန်း အင်အားတောင့်တင်းသောနိုင်ငံကြီးအဖြစ် တည်ဆောက်ခြင်းနှင့် အတော်အသင့် ချောင်လည်သော လူမှုအဖွဲ့အစည်း တည်ဆောက်ရန် တွန်းအားပေးခြင်း” အကြောင်းအရာများကို မိတ်ဆက်ပေးခဲ့သည်။
တရုတ်နိုင်ငံ စက်မှုနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီး လျှောယာချင့်က ၂၀၁၀ ပြည့်နှစ်ကတည်းက တရုတ်ပြည်၏ ကုန်ထုတ်လုပ်မှုဆိုင်ရာ တိုးတက်မှုတန်ဖိုးသည် ၁၁ နှစ် ဆက်တိုက် ကမ္ဘာ့ပထမနေရာတွင် ရပ်တည်လျက်ရှိပြီး စက်မှုလုပ်ငန်းစနစ် အပြည့်စုံဆုံးသော နိုင်ငံ ဖြစ်လာကြောင်း ပြောကြားပါသည်။
၂၀၂၁ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ တရုတ်နိုင်ငံ၏ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ၏ ထပ်ပေါင်းတန်ဖိုးသည် ယွမ် (၁၆.၉၈) ထရီလီယံမှ ယွမ် (၂၆.၆) ထရီလီယံအထိ မြင့်တက်လာကြောင်း သိရပါသည်။