စက်တင်ဘာလ ၁၁ ရက်နေ့က တရုတ်အကောက်တော်ရုံးချုပ်နှင့် ကွမ်ရှီးကျွမ့်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသပြည်သူ့အစိုးရတို့သည် ၂၀၂၀ပြည့်နှစ် တရုတ်-အာဆီယံ ကုန်သွယ်ရေးညွှန်းကိန်းကို ပူးတွဲထုတ်ပြန်ခဲ့ပါသည်။ ၎င်းမှာ ယင်းညွှန်းကိန်းကို ပထမဆုံး အကြိမ် ထုတ်ပြန်ခြင်းဖြစ်ပါသည်။
ယင်းညွှန်းကိန်းအရ ၂၀၂၀ပြည့်နှစ်ကတရုတ်-အာဆီယံကုန်သွယ်ရေးညွှန်းကိန်းမှာ ၂၄၁.၀၉ဖြစ်ပြီး ၂၀၁၉ခုနှစ်ကထက် ၁၉.၆၄ရာခိုင်နှုန်း တိုးများလာကာ ၂၀၁၀ပြည့်နှစ် ကထက် ၁၄၁.၀၉ရာခိုင်နှုန်း တိုးများလာ၍ တရုတ်နိုင်ငံမှ အာဆီယံသို့ သွင်းကုန်ပို့ကုန် ပမာဏ ဆက်တိုက်တည်ငြိမ်စွာတိုးများလာသည်ဟု ဖော်ပြနိုင်ပါသည်။ ၂၀၂၀ပြည့်နှစ်က ကိုဗစ်-၁၉ရောဂါ၏ အပြင်းအထန်ထိခိုက်မှုကို ရင်ဆိုင်ရာတွင် တရုတ်နိုင်ငံနှင့် အာဆီယံ အဖွဲ့ဝင်နိုင်ငံများသည် ရောဂါတိုက်ဖျက်ရေးပူးပေါင်းဆောင်ရွက်မှုများ ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ပြီး ဒေသတွင်း ကုန်ထုတ်လုပ်မှု စနစ်နှင့် ထောက်ပံ့ရေးစနစ်၏ တည်ငြိမ်မှုကို ထိရောက်စွာကာကွယ်ထိန်းသိမ်းကာ နှစ်ဘက်ကုန်သွယ်ရေးဖွံ့ဖြိုးတိုးတက်ရန် အာမခံပေး၍ အာဆီယံသည် တရုတ်နိုင်ငံ၏ အကြီးဆုံးကုန်သွယ်ဖက်အဖြစ် ပထမဆုံးအကြိမ် ဖြစ်လာခဲ့ပါသည်။(CRI Myanmar)