၁၈ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ၊ တရုတ်-အာဆီယံ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံရေး ထိပ်သီးအစည်းအဝေးကို ယခုလ ၁၃ရက်နေ့တွင် ကျင်းပပြီးစီးကြောင်း၊ နှစ်ဖက်တို့သည် စီးပွားကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံရေး အပါအဝင် နယ်ပယ်များစွာတွင် ပူးပေါင်းဆောင်ရွက်မှုများကို တစ်ဆင့်တိုးမြှင့်ခဲ့ကြောင်း၊ တရုတ်ပြည်၏ တံခါးဖွင့်မှု ခြေလှမ်း ဆက်တိုက် အရှိန်မြှင့်လာသည်နှင့်အမျှ တရုတ်-အာဆီယံအကြားရှိ ဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုလည်း တစ်နေ့တခြား နက်ရှိုင်းလာကြောင်း China Media Groupမှ သတင်းအရ သိရသည်။
ကုန်ကြောင်းသစ်၊ ပင်လယ်ရေကြောင်းသစ်နှင့် အခွင့်ကောင်းသစ်များကို အတူမျှဝေရေးနှင့် ပတ်သက်၍ တရုတ်-အာဆီယံ ပုံစံမျိုးစုံဖြင့် ပူးတွဲ သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှု စင်တာကို ထိပ်သီး အစည်းအဝေးတွင် ဆိုင်းဘုတ်ချိတ်တင်ပေးခဲ့ကြောင်း သိရသည်။(CRI Myanmar)