ဂျပန်နိုင်ငံက ကျောင်းဖတ်စာအုပ်ပါ တပ်တွင်းလိင်ကျွန် သမိုင်းအဖြစ်မှန်ကို တလွဲတချော် ဖြစ်အောင် ပြင်ဆင်ခဲ့သည့်အကြောင်းနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက ဂျပန်နိုင်ငံသည် ကျောင်းဖတ်စာအုပ်တွင် နောက်ထပ်တစ်ကြိမ် ဉာဏ်နီဉာဏ်နက်လုပ်ပြီး စာလုံးကစားမှု ပြုလုပ်ခဲ့ကြောင်း၊ ငြိမ်းချမ်းရေး မြတ်နိုးသူအားလုံး လုံးဝလက်ခံနိုင်မည် မဟုတ်ကြောင်း ယခုလ ၁၃ ရက်နေ့က ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။
မကြာမီက ဂျပန်ပညာရေး ယဉ်ကျေးမှု သိပ္ပံပညာ ဝန်ကြီးဌာနသည် ကျောင်းဖတ်စာအုပ် ဖြန့်ချိထုတ်ဝေရေးဌာန ၅ ခုမှ တင်ပြသော “တပ်တွင်းလိင်ကျွန်”၊ “အတင်းအဓမ္မဖမ်းခြင်း” အစရှိသည့် စာလုံးများကို ပြင်ဆင်သို့မဟုတ် ဖျက်ပစ်ရန် လျှောက်ထားချက်ကို ခွင့်ပြုခဲ့သည်ဟု သတင်းရရှိပါသည်။(CRI Myanmar)