တရုတ်နိုင်ငံက COVID-19 ကာကွယ်ဆေးများ ဖိလစ်ပိုင်နိုင်ငံသို့ ထပ်မံပေးပို့

2021-09-15 14:52:47 |သတင်းအရင်းအမြစ် 新华网

ဖိလစ်ပိုင်နိုင်ငံ COVID-19 ကာကွယ်ဆေးထိုးနှံရေး စီမံချက်အား ပံ့ပိုးရန် Sinovac CoronaVac ကာကွယ်ဆေးနောက်တစ်သုတ်အား တရုတ်နိုင်ငံက ဖိလစ်ပိုင်နိုင်ငံသို့ စက်တင်ဘာလ ၁၃ ရက်နေ့တွင် ပေးပို့ခဲ့သည်။

“ကာကွယ်ဆေးတွေကို အမြဲတမ်းပို့ဆောင်ပေးတဲ့အတွက် တရုတ်နိုင်ငံနဲ့ Sinovacကို ကျွန်တော်တို့ ကျေးဇူးတင်ပါတယ်" ဟု နိုင်ငံ၏ ကာကွယ်ဆေးဝယ်ယူရေးတာဝန်ခံ Carlito Galvez က လေဆိပ်၌ သတင်းထောက်များအား ပြောကြားခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံသို့ လာမည့်လများတွင် Sinovac ကာကွယ်ဆေးများ ပိုမိုပေးအပ်လိမ့်မည်ဟု မျှော်လင့်ထားကြောင်း Galvezက ဆိုသည်။ “ရောက်ရှိလာတဲ့ ကာကွယ်ဆေးအသစ်များကို ရောဂါဖြစ်ပွားမှုများတဲ့ဒေသတွေကို ပေးပို့သွားမှာပါ"ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှစ၍ ဖိလစ်ပိုင်နိုင်ငံသို့ ကာကွယ်ဆေးများ အားပေးအပ်ခဲ့သည်။ ၎င်းသည် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးများအား ဖိလစ်ပိုင်နိုင်ငံသို့ ပထမဆုံးထောက်ပံ့ခြင်းဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံ၌ ကာကွယ်ဆေးထိုးနှံမှုအား မတ်လ ၁ ရက်နေ့တွင် စတင်ခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံသည် COVID-19 ကာကွယ်ဆေး အကြိမ်ရေပေါင်း ၃၁ သန်းကျော်ထိုးနှံထားပြီးဖြစ်သည်။ ယခုအချိန်အထိ လူဦးရေ ၁၆ သန်းမှာ ကာကွယ်ဆေး အပြည့်အဝ ထိုးနှံထားပြီးဖြစ်ကြောင်း သိရသည်။ အစိုးရအနေဖြင့် ယခုနှစ်တွင် လူဦးရေ သန်း ၇၀ အား ထိုးနှံနိုင်ရန် ရည်မှန်းထားသည်။

မတူကွဲပြားသော ကာကွယ်ဆေးထုတ်လုပ်သူများထံမှ ယနေ့အထိ ကာကွယ်ဆေး အကြိမ်ရေပေါင်း ၅၆ သန်းကို ဖိလစ်ပိုင်နိုင်ငံက လက်ခံရရှိထားခဲ့ကြောင်း Galvez ကဆိုသည်။ တရုတ်နိုင်ငံသည် ကာကွယ်ဆေး အများဆုံးထောက်ပံ့ပေးသည့် နိုင်ငံဖြစ်သည်။

စက်တင်ဘာ ၁၂ ရက်အထိ ဖိလစ်ပိုင်နိုင်ငံ၌ COVID-19 အတည်ပြုလူနာ စုစုပေါင်း ၂၂၂၇၃၆၇ ဦးရှိပြီး သေဆုံးသူ စုစုပေါင်း ၃၅၁၄၅ ဦးရှိခဲ့သည်။ (Xinhua)