လက်ရှိအချိန်တွင် Sinopharm Groupသည် ကိုဗစ်-၁၉ ကူးစက်ရောဂါ အထူးကုသဆေး ၂ မျိုးကို သုတေသနပြု ဖော်ထုတ်လျက်ရှိသည်။ Sinopharm Group မှ တရုတ် ဇီဝဗေဒ ထိပ်တန်းသိပ္ပံပညာရှင် ကျန်းယွင်ထောက်က ဤကုသဆေးနှစ်မျိုးသည် ဗိုင်းရပ်စ် တိုက်ဖျက်ရန်နှင့် ကူးစက်ခံရပြီးနောက် လူ့ခန္ဓာကိုယ်ရှိ ဗိုင်းရပ်စ်ပမာဏ လျှော့ချရန် ဖြစ်ကြောင်း၊ ၎င်းဆေး ၂ မျိုးသည် အဓိကအားဖြင့် အစောပိုင်း သို့မဟုတ်၊ အလယ်အလတ် လက္ခဏာရှိသူများအပေါ် ထိရောက်မှု ပိုမိုရှိကြောင်း ရှင်းလင်းဖေါ်ပြခဲ့သည်ဟု China Media Group မှ သတင်းအရ သိရသည်။(CRI Myanmar)