တရုတ်နိုင်ငံမှ လှူဒါန်းပေးသော ဒုတိယအသုတ် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ဘရူနိုင်းနိုင်ငံသို့ ရောက်ရှိ

2021-09-15 15:14:43 |သတင်းအရင်းအမြစ် CRI

ဒေသစံတော်ချိန် ၁၂ ရက်နေ့ ညသန်းခေါင်အချိန်က တရုတ်နိုင်ငံမှ လှူဒါန်းပေးသော ဒုတိယအသုတ် ကိုဗစ်-၁၉ ကာကွယ်ဆေးသည် ဘရူနိုင်းနိုင်ငံသို့ ရောက်ရှိခဲ့ကြောင်း China Media Groupမှ သတင်းအရသိရပါသည်။

ဘရူနိုင်းနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ယုဟုန်နှင့် ဘရူနိုင်း နိုင်ငံခြားရေး တာဝန်ခံဝန်ကြီး အိုင်ရီဝမ်က လေဆိပ်တွင် ကာကွယ်ဆေး လွှဲပြောင်းပေးအပ်ရေး အခမ်းအနားကို ကျင်းပခဲ့ပါသည်။ သံအမတ်ကြီး ယုဟုန်က တရုတ်နိုင်ငံအနေနှင့် ဘရူနိုင်းအစိုးရ၏ ကိုဗစ်-၁၉ ကူးစက်မှု ထိန်းချုပ်ရေးနှင့် ပြည်သူလူထုများ၏ ကျန်းမာရေး ထိန်းသိမ်းကာကွယ်မှုကို ကူညီထောက်ပံ့ ပေးနိုင်သည့်အတွက် လွန်စွာ ဝမ်းသာပါကြောင်း ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရသိရပါသည်။

ဝန်ကြီးအိုင်ရီဝမ်ကလည်း ဘရူနိုင်းအစိုးရနှင့် ပြည်သူများကိုယ်စား တရုတ်အစိုးရနှင့် ပြည်သူများ၏ နောက်ထပ်တစ်ကြိမ် ကူညီထောက်ပံ့မှုကို ကျေးဇူးတင်ရှိကြောင်း ပြောကြား ခဲ့သည်ဟု China Media Groupမှ သတင်းအရသိရပါသည်။(CRI Myanmar)