ပူးပေါင်းဆောင်ရွက်ရေးဖြင့် ကမ္ဘာ့ကျန်းမာရေးအကျပ်အတည်းနှင့် ဆင်းရဲမှု ရင်ဆိုင်ကြရန် Guterres ပန်ကြား

2021-09-15 15:25:53 |သတင်းအရင်းအမြစ် CRI

စက်တင်ဘာလ ၁၂ ရက်နေ့တွင် ကုလသမဂ္ဂ တောင်ဘက်ခြမ်းနိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးနေ့ ဖြစ်ပါသည်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Guterresသည် ဗီဒီယိုအသွင်ပုံစံဖြင့် မိန့်ခွန်းထုတ်ပြန်ခဲ့ရာ၌ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေခြင်းဖြင့် ကမ္ဘာ့ကျန်းမာရေး အကျပ်အတည်းနှင့် ထိရောက်စွာ ရင်ဆိုင်ပြီး ဆင်းရဲမှုနှင့် တန်းတူညီမျှမှု မရှိခြင်းကို လျော့နည်းစေကာ၊ ဆက်တိုက်ဖွံ့ဖြိုးရေး ရန်မှန်းချက် အကောင်အထည်ဖော်ဆောင်ရန် ပန်ကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရသည်။

ဆက်လက်၍ Guterresက ကိုဗစ်-၁၉ ကူးစက်ရောဂါ ဖြစ်ပွားခဲ့သည့် ကာလပိုင်းအတွင်း ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများသည် ရောဂါအခြေအနေနှင့် ထိရောက်စွာ ရင်ဆိုင်ရန်နှင့် ရောဂါအခြေအနေမှ နာလန်ပြန်ထူလာအောင် အကောင်အထည်ဖော်ဆောင်ရန်အတွက်၊ ၎င်းတို့၏ ဗဟုသုတများနှင့် အရင်းအမြစ်များကို မျှဝေခဲ့ကြကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရ သိရသည်။(CRI Myanmar)