စက်တင်ဘာလ ၁၅ ရက်နေ့တွင် တရုတ်နိုင်ငံတော် သမ္မတရှီကျင့်ဖိန်သည် ၂၀၂၁ ခုနှစ် "Belt&Road” မဟာတံတိုင်းကြီး နိုင်ငံတကာ ရိုးရာယဉ်ကျေးမှုနှင့် အနုပညာပွဲတော်သို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့ခဲ့ကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။
သမ္မတရှီကျင့်ဖိန်က ယဉ်ကျေးမှုသည် ကူးလူးဖလှယ်မှုကြောင့် ပြောင်မြောက်ထွန်းကားလာကြောင်း၊ ၂၀၂၁ ခုနှစ် "Belt&Road” မဟာတံတိုင်းကြီး နိုင်ငံတကာ ရိုးရာယဉ်ကျေးမှုနှင့် အနုပညာပွဲတော်ကို ကျင်းပခြင်းသည် ပိုးလမ်းမကြီးနှင့် မဟာတံတိုင်းကြီး အပါအဝင် ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်များ၏ တန်ဖိုးကို ထွန်းကားစေရန်နှင့် နိုင်ငံအသီးသီးမှ ရိုးရာယဉ်ကျေးမှုအနုပညာအတွက် ပလက်ဖောင်း တစ်ခုကို တည်ဆောက်ရန် အကျိုးပြုနိုင်ကြောင်း၊ နိုင်ငံအသီးသီးမှ ပြည်သူလူထုများအကြား ကူးလူးဖလှယ်ရန်နှင့် ဆွေးနွေးရန်အတွက်ရော၊ မတူကွဲပြားသော ယဉ်ကျေးမှုများအကြား ကူးလူးဖလှယ်ရန်နှင့် အပြန်အလှန် နည်းယူလေ့လာရန်အတွက်ပါ ပေါင်းကူးတံတားတစ်ခု တည်ဆောက်ခြင်းဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေနှင့် သက်ဆိုင်ရာ နိုင်ငံအသီးသီးတို့နှင့်အတူ “Belt&Road”ကို လက်တွဲ တည်ဆောက်ရန် တွန်းအားပေးကာ လူသားယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပိုမိုများပြားသော အကျိုးပြုလိုသည်ဟု ဖော်ပြခဲ့ကြောင်း သတင်းရရှိပါသည်။(CRI Myanmar)