ဂျပန် တိုကျို လျှပ်စစ်စွမ်းအားကုမ္ပဏီ၏ နျူကလီးယား ရေညစ် ပြန်လည်သန့်စင်စက် ပျက်စီးနေဟု သတင်းထုတ်ပြန်ခံရ

2021-09-17 10:11:07 |သတင်းအရင်းအမြစ် CRI

ဂျပန်နိုင်ငံ ဖူကူရှီမာ အမှတ် ၁ နျူကလီးယား လျှပ်စစ်ဓါတ်အားပေးစက်ရုံ၏ နျူကလီးယား ရေညစ်ကို ပြန်လည်သန့်စင်ရန် အသုံးပြုသော အငွေ့စစ်ပိုက်ကွန် ပျက်စီးနေသည် ဟူသော သတင်းကို ရည်ရွယ်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက ယင်းသည် နျူကလီးယားရေညစ် ပြန်လည် သန့်စင်ရေးကို တိုက်ရိုက် တာဝန်ခံ ဆောင်ရွက်နေသော ဂျပန် တိုကျို လျှပ်စစ်စွမ်းအား ကုမ္ပဏီ၏ စီမံခန့်ခွဲမှု ရှုပ်ထွေးနေခြင်းကို ပေါ်လွင်လာစေကြောင်း စက်တင်ဘာလ ၁၅ရက်နေ့က ကျင်းပသော ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောပါသည်။

ကျောက်လိကျန်းက တရုတ်နိုင်ငံသည် ယင်းကဲ့သို့ သတင်းကို ပထမဆုံးအကြိမ် တွေ့မြင်ဖူးခြင်း မဟုတ်ကြောင်း၊ ယင်းသည် ဂျပန်နိုင်ငံ၏ နျူကလီးယားရေညစ် ပြန်လည်သန့်စင် စက်ကိရိယာများက ယုံကြည်စိတ်ချရမှု လုံလုံလောက်လောက် ရှိ မရှိ ဆိုသည်ကို လူများအား သံသယဖြစ်စေကြောင်း ပြောပါသည်။(CRI Myanmar)