စက်တင်ဘာလ ၁၄ ရက်နေ့ မှ ၁၅ ရက်နေ့ အထိ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ၄၈ ကြိမ်မြောက် အစည်းအဝေးတွင် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ အဆင့်မြင့် မဟာမင်းကြီးနှင့် ဆွေးနွေးပွဲ ကျင်းပခဲ့ပါသည်။ ဗင်နီဇွဲလား၊ မြောက်ကိုးရီးယား၊ တောင်ဆူဒန်၊ လာအို၊ သီရိလင်္ကာ၊ ဒိုမီနီကာ၊ အာမေးနီးယား၊ မော်လ်ဒိုက်၊ တန်ဇန်းနီးယား အပါအဝင် နိုင်ငံများက တရုတ်၏ လူ့အခွင့်အရေးအောင်မြင်မှုများကို လွန်စွာ ချီးကျူးပြောဆိုခဲ့ပြီး ရှင်းကျန်း၊ ဟောင်ကောင်နှင့် ရှီးဇန့်နှင့်ပတ်သက်သော ပြဿနာများသည် တရုတ်နိုင်ငံ၏ ပြည်တွင်းရေး ဖြစ်ကာ ပြည်ပအင်အားစုများက ဝင် မစွက်သင့်ကြောင်း ပြောကြားသည်။(CRI Myanmar)