စက်တင်ဘာလ ၁၆ ရက်နေ့က တရုတ်နိုင်ငံတကာ ကုန်သွယ်မှုမြှင့်တင်ရေးကောင်စီသည် ၂၀၂၀ ပြည့်နှစ် အာရပ်စော်ဘွားများနိုင်ငံ ဒူဘိုင်းကမ္ဘာ့ကုန်စည်ပြပွဲ၌ တရုတ်ပြည်ပါဝင်မှုအတွက် ပီကင်းတွင် သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့သည်။
၂၀၂၀ ပြည့်နှစ် ဒူဘိုင်းကမ္ဘာ့ကုန်စည်ပြပွဲ တရုတ်အစိုးရကိုယ်စားလှယ်ချုပ်၊ တရုတ်နိုင်ငံတကာ ကုန်သွယ်မှုမြှင့်တင်ရေးကောင်စီ ဒု ဥက္ကဋ္ဌ ကျန်းရှိန့်ဖုန်းက ဒူဘိုင်းကမ္ဘာ့ကုန်စည်ပြပွဲကို မူလက ၂၀၂၀ပြည့်နှစ် အောက်တိုဘာ ၂၀ ရက်နေ့မှ ၂၀၂၁ခုနှစ် ဧပြီလ ၁၀ ရက်နေ့အထိ ကျင်းပရန် စီစဉ်ထားခဲ့ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ အခြေအနေကြောင့် ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ် မတ်လ ၃၁ ရက်အထိ ရွှေ့ဆိုင်းကျင်းပမည်ဖြစ်ကြောင်း မိတ်ဆက်ပေးခဲ့သည်ဟု သတင်းအရ သိရသည်။
တရုတ်ပြခန်းသည် ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် ဖွင့်ပွဲအခမ်းအနားကို ကျင်းပမည်ဖြစ်ပြီး ကမ္ဘာတစ်ဝန်းမှ ပရိသတ်များကို တရားဝင် ကြိုဆိုမည် ဖြစ်သည်။(CRI Myanmar)