ဒေသစံတော်ချိန် စက်တင်ဘာလ ၁၆ ရက်နေ့တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ အာဖရိကဒေသဆိုင်ရာဌာနသည် ကွန်ဂို သမ္မတနိုင်ငံ Brazzavilleမြို့တော်၌ အွန်လိုင်း သတင်းစာရှင်းလင်းပွဲကို ကျင်းပခဲ့ပါသည်။ ၎င်းက ယခုတစ်ပတ်အတွင်း အာဖရိကတိုက်တွင် ကိုဗစ် -၁၉ ကပ်ရောဂါ အတည်ပြုလူနာ ဦးရေ ၈ သန်းကျော် ရှိကြောင်း၊ ယင်းနှင့်အတူ ဖွံ့ဖြိုးပြီးနိုင်ငံများသည် ကာကွယ်ဆေး သိုလှောင်မှုနှင့် ကာကွယ်ဆေးတင်ပို့ရေး ကန့်သတ်မှုကြောင့် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံမှု ဖော်ဆောင်ရေး စီမံကိန်း(COVAX)မှတစ်ဆင့် အာဖရိကနိုင်ငံများအား ကာကွယ်ဆေးကို ပေးအပ်ရာတွင် သန်း ၄၇၀ ဖြစ်သည့် ကာကွယ်ဆေး လိုအပ်မှု ရှိမည်ဖြစ်ကြောင်း ထုတ်ဖော်ခဲ့ပါသည်။
လတ်တလောတွင် အာဖရိကတိုက်၌ လူဦးရေ သန်း ၅၀ ကျော်သည် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံခဲ့ပြီဖြစ်ပြီး ယခုနှစ်ကုန်အထိ COVAX စီမံကိန်းမှတစ်ဆင့် ကာကွယ်ဆေးစုစုပေါင်း လုံးရေ သန်း ၄၇၀ ရရှိကာ အာဖရိက လူဦးရေ၏ ၁၇ ရာခိုင်နှုန်းအား ကာကွယ်ဆေးထိုးနှံပေးနိုင်မည်ဖြစ်ကြောင်း၊ သို့သော် စီမံကိန်းအရ ယခုနှစ်ကုန်အထိ ကမ္ဘာ့လူဦးရေ၏ ၄၀ ရာခိုင်နှုန်းအား ကာကွယ်ဆေး ထိုးနှံပေးမှုထက် အဆိုပါလူဦးရေသည် များစွာ နည်းသေးကြောင်း၊ ယင်း ရည်မှန်းချက်ကို ပြည့်မီအောင် အာဖရိကတိုက်၌ ကိုဗစ်-၁၉ ကာကွယ်ဆေး လုံးရေ သန်း ၄၇၀ လိုအပ်သေးကြောင်း သတင်းစာ ရှင်းလင်းပွဲ၌ ထုတ်ဖော်ခဲ့ပါသည်။
ဗြိတိန်၊ အမေရိကန်၊ ဥရောပသမဂ္ဂ စသောနိုင်ငံများ၌ လူဦးရေ၏ ၆၀ ရာခိုင်နှုန်းကျော်သည် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ထိုးနှံပြီးပြီ ဖြစ်ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။(CRI Myanmar)