"၂၀၂၁ ကမ္ဘာ့ သန့်စင်စွမ်းအင်သုံး မော်တော်ယာဉ် အစည်းအဝေး" ကို ဟိုင်နန်ပြည်နယ် ဟိုင်ခိုမြို့တွင် ၁၆ ရက်နေ့က ဖွင့်လှစ်ခဲ့သည်။ တရုတ်နိုင်ငံ၏ သန့်စင်စွမ်းအင်သုံး မော်တော်ယာဉ် ထုတ်လုပ်မှုနှင့် ရောင်းအားသည် ၆ နှစ် ဆက်တိုက် ကမ္ဘာ့ပထမနေရာတွင် တည်ရှိသည်။ သန့်စင်စွမ်းအင်သုံး မော်တော်ယာဉ်များ အရည်အသွေး တိုးတက်ဖွံ့ဖြိုးရေးကို မြှင့်တင်ရန် မူဝါဒများနှင့် အစီအစဉ်များကိုလည်း ရေးဆွဲလျက်ရှိသည်။ တရုတ်နိုင်ငံ၏ သန့်စင်စွမ်းအင်သုံး မော်တော်ယာဉ်သည် အများပိုင်မှ ပုဂ္ဂလိကပိုင်သို့ တဖြည်းဖြည်း တိုးချဲ့လာခဲ့ကြောင်း၊ ထုတ်လုပ်မှုနှင့် ရောင်းအား ပမာဏသည် ကမ္ဘာမှာ ၆ နှစ် ဆက်တိုက် ပထမနေရာမှာ ရှိနေပြီး စုစုပေါင်း မော်တော်ယာဉ်စီးရေ ၇ သန်းကျော်အထိ မြှင့်တင်နိုင်ကာ ကမ္ဘာမှာ ရာခိုင်နှုန်း ၅၀ ကျော်ရှိကြောင်း သိရှိရပါသည်။ နောက်ဆုံးစာရင်းများအရ ယခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအထိ ပြည်တွင်း သန့်စင်စွမ်းအင်သုံး မော်တော်ယာဉ် ထုတ်လုပ်မှုနှင့် ရောင်းအားသည် ၁.၈ သန်း ရှိခဲ့ပြီး ယမန်နှစ် အလားတူအချိန်ပိုင်းကထက် ၁.၉ ဆ တိုးမြင့်လာသည်။(CRI Myanmar)