တရုတ်နိုင်ငံနှင့် အီရန်နိုင်ငံတို့ ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာရန် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ ကတိပြု

2021-09-18 17:21:10 |သတင်းအရင်းအမြစ် 新华网

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ နှင့် အီရန်နိုင်ငံခြားရေးဝန်ကြီး Hossein Amir Abdollahianတို့ စက်တင်ဘာ ၁၆ ရက်နေ့တွင် တွေ့ဆုံစဉ် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် ကတိပြုခဲ့ကြသည်။ အီရန်အစိုးရသစ် စတင်တည်ထောင်ချိန်မှစ၍ နှစ်နိုင်ငံ ဆက်ဆံရေးသည် အဆင့်အားလုံးတွင် အရှိန်အဟုန်မြင့်ချိတ်ဆက်မှုနှင့်အတူ အပြုသဘောဆောင်သော ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်တစ်ခုကို ထိန်းသိမ်းထားနိုင်ခဲ့ပြီး ယင်းမှာ နှစ်နိုင်ငံအနေဖြင့် အဆင့်မြင့် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး တည်ရှိခဲ့ခြင်းကို ပြသရာရောက်ကြောင်း ဝမ်ရိက ဆိုသည်။

တရုတ်နိုင်ငံအနေဖြင့် ဗိုလ်ကျစိုးမိုးမှုကို ဆန့်ကျင်ခြင်းနှင့် အချုပ်အခြာအာဏာ၊ ဂုဏ်သိက္ခာ၊ တရားဝင်အခွင့်အရေးများနှင့် အကျိုးစီးပွားများအား ကာကွယ်စောင့်ရှောက်ခြင်းကို ထောက်ခံအားပေးကြောင်း ဝမ်ရိက အတည်ပြုပြောကြားခဲ့သည်။

တရုတ်အနေဖြင့် အီရန်နှင့် နိုင်ငံအတူ လက်တွဲကာ နှစ်နိုင်ငံဘက်စုံ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်ကို အကောင်အထည်ဖော်ရန်၊ ရပ်ဝန်းနှင့်ပိုးလမ်းမ အတူတကွ တည်ဆောက်ရေးတွင် ပူးပေါင်းဆောင်ရွက်မှု တွန်းအားပေးရန်နှင့် စွမ်းအင်နှင့် အရင်းအမြစ်များကဲ့သို့သော နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် ဆန္ဒရှိကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် COVID-19 ကပ်ရောဂါတိုက်ဖျက်ရေးတွင် အကူအညီများ ဆက်လက်ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် အီရန်နိုင်ငံ အားရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှုအဖွဲ့အစည်း (SCO)၏ တင်းပြည့်အဖွဲ့ဝင် ဖြစ်လာစေရန် ထောက်ခံသွားမည်ဖြစ်ကြောင်း ၎င်းကဆိုခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် ဒေသတွင်းနှင့်နိုင်ငံတကာရေးရာများတွင် အီရန်နိုင်ငံနှင့် ညှိနှိုင်းမှုနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန်၊ ပူးတွဲဘက်စုံစီမံကိန်း၏ လမ်းကြောင်းမှန်ပေါ်တွင် ညှိနှိုင်း ဆွေးနွေးမှုများပြုလုပ်ရေးကို ထိန်းသိမ်းရန်နှင့် သဘောတူညီချက်တစ်ရပ် ကို ဆောလျဉ်းစွာရရှိစေရန်၊ အာဖဂန်နစ္စတန်တွင် အားလုံးပါဝင်သော နိုင်ငံရေးအခင်းအကျင်း တစ်ရပ်ဖွဲ့စည်းတည်ဆောက်ရေး လက်တွဲ မြှင့်တင်သွားရန် နှင့် အကြမ်းဖက်မှုပုံစံအားလုံးကိုနှိမ်နင်းရန်ခိုင်မာသော အရေးယူဆောင်ရွက်မှုများကို လုပ်ဆောင်သွားရန် ဆန္ဒရှိကြောင်း ၎င်းကဖြည့်စွက်ပြောကြားသည်။

အီရန်-တရုတ် ဆက်ဆံရေးသည် မဟာဗျူဟာမြောက် အရေးပါမှုနှင့် ခိုင်မာသော အုတ်မြစ်တစ်ခုရှိကြောင်း Amir Abdollahian ကပြောကြားခဲ့သည်။ အီရန်အစိုးရသစ်သည် နှစ်နိုင်ငံအကြား ပြည့်စုံသောပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်ကို အသေအချာ အကောင်အထည်ဖော်ရန်နှင့် ပို့ဆောင်ရေး၊ စွမ်းအင်၊ ယဉ်ကျေးမှု၊ နည်းပညာနှင့် ခရီးသွားလုပ်ငန်း စသည့်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုကို အရှိန်မြှင့်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။

အီရန်နိုင်ငံသည် COVID-19 ကူးစက်ရောဂါအားတိုက်ဖျက်ရာတွင် တရုတ်နိုင်ငံ၏ ကြီးမားသော အကူအညီအတွက် ကျေးဇူးတင်ကြောင်းနှင့် တရုတ်နှင့် ကာကွယ်ဆေး ပူးပေါင်းဆောင်ရွက်မှု ကောင်းမွန်စေရန် မျှော်လင့်ကြောင်း ၎င်းကဆိုသည်။

အီရန်အစိုးရသစ်သည်အိမ်နီးချင်းနိုင်ငံများနှင့်အာရှနိုင်ငံများကိုအလေးထားကာ အီရန်အား SCO တွင် တင်းပြည့်အဖွဲ့ဝင်နိုင်ငံဖြစ်ရန် တရုတ်၏ထောက်ခံမှုကို ကျေးဇူးတင်ကြောင်း၊ အီရန်နျူကလီးယားကိစ္စ၊ အာဖဂန်နစ္စတန်ကိစ္စနှင့် အခြားကိစ္စရပ်များတွင် အီရန်အစိုးရသစ်အနေဖြင့် တရုတ်နိုင်ငံနှင့် ညှိနှိုင်းချိတ်ဆက်ဆောင်ရွက်မှု ပိုမိုခိုင်မာလာစေရန် ဆန္ဒရှိကြောင်း Abdollahainက ဖြည့်စွက်ပြောကြားခဲ့သည်၊ (Xinhua)