တရုတ် ဆောင်းဦးရာသီပွဲတော်အားလပ်ရက် ခရီးသွားဝင်ငွေသည် ယွမ် ၃၇.၁ ဘီလီယံ ကျော်လွန်

2021-09-23 18:51:47 |သတင်းအရင်းအမြစ် 新华网

တရုတ်ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာနက စက်တင်ဘာလ ၂၁ ရက် ညပိုင်း ထုတ်ပြန်သောအချက်အလက်များအရ ၂၀၂၁ ခုနှစ် ဆောင်းဦးရာသီပွဲတော်အားလပ်ရက် သုံးရက်အတွင်း တစ်နိုင်ငံလုံးအတိုင်းအတာအရ ပြည်တွင်းခရီးသွားဧည့်သည် စုစုပေါင်း ၈၈.၁၅ သန်းကျော်ရှိပြီး ၂၀၁၉ ခုနှစ် ဆောင်းဦးရာသီပွဲတော်အားလပ်ရက်၏ ၈၇.၂ ရာခိုင်နှုန်းသို့ ပြန်လည်ရရှိကြောင်း၊ ပြည်တွင်းခရီးသွားဝင်ငွေသည် ယွမ် ၃၇.၁၄၉ ဘီလီယံကျော်ရှိခဲ့ပြီး ၂၀၁၉ ခုနှစ် ဆောင်းဦးရာသီပွဲတော်အားလပ်ရက်၏ ၇၈.၆ရာခိုင်နှုန်းသို့ ပြန်လည်ရရှိကြောင်း သိရပါသည်။


ခရီးသွားပလက်ဖောင်းများစွာမှ အချက်အလက်များအရ ဆောင်းဦးရာသီပွဲတော်ကာလ အတွင်း အနီးပတ်ဝန်းကျင်ခရီးသွားလိုအပ်မှုသည် အားကောင်းနေသည်။ မိသားစုခရီးသွား များသည် အဓိကအင်အားစုဖြစ်ပြီး နိုင်ငံတစ်ဝှမ်းရှိ ပန်းခြံများနှင့် အရည်အသွေးကောင်း သော အပန်းဖြေဟိုတယ်များသည် လူကြိုက်များသော ရွေးချယ်မှုများ ဖြစ်လာကြောင်း သိရပါသည်။