နိုင်ငံနှင့် ဒေသ ၁၈၅ ခုတွင် Delta ဗီဇပြောင်းဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူများ တွေ့ရှိ

2021-09-24 18:22:27 |သတင်းအရင်းအမြစ် 央视新闻

စက်တင်ဘာလ ၂၁ ရက်နေ့တွင် ထုတ်ပြန်သည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ကိုဗစ်-၁၉ ရောဂါ အပတ်စဉ် ကူးစက်ရောဂါဆိုင်ရာ အစီရင်ခံစာအရ လွန်ခဲ့သောတစ်ပတ်အတွင်း တစ်ကမ္ဘာလုံးဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ ၃.၆ သန်းကျော်တိုးလာပြီး ၆၀၀၀၀ နီးပါး ထပ်မံသေဆုံးကာ ယခင်တစ်ပတ်နှင့်နှိုင်းယှဉ်ပါက ဆက်လက်ကျဆင်းကြောင်း သိရပါသည်။

လွန်ခဲ့သောတစ်ပတ်အတွင်း အတည်ပြုလူနာအများဆုံး နိုင်ငံ ၅ နိုင်ငံမှာ အမေရိကန်၊ အိန္ဒိယ၊ ယူကေ၊ တူရကီနှင့် ဖိလစ်ပိုင်တို့ဖြစ်ကြောင်း၊ လက်ရှိတွင် နိုင်ငံနှင့်ဒေသ ၁၈၅ ခုတွင် Delta ဗီဇပြောင်းဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူများကို တွေ့ရှိခဲ့ကြောင်း သိရပါသည်။