
2021-09-26 19:24:42 |သတင်းအရင်းအမြစ် 新华网

၂၀၂၁ ခုနှစ် ကမ္ဘာ့အင်တာနက်ညီလာခံ ဥုးကျင့်မြို့နယ်ထိပ်သီးအစည်းအဝေးကို စက်တင်ဘာလ ၂၆ ရက်နေ့မှစတင်ပြီး တရုတ်နိုင်ငံ ဥုးကျင့်မြို့နယ်တွင် ကျင်းပလျက်ရှိကြောင်း သတင်းအရသိရပါသည်။

ယခုနှစ်အစည်းအဝေးတွင် အဆင့်အတန်းလွန်ကွန်ပျူတာတွက်ချက်ခြင်းစင်တာ၊ စမတ်ကုန်ထုတ်လုပ်ရေးစခန်း စသည်တို့ကို ပြသမည်ဖြစ်သကဲ့သို့ 5G နည်းပညာနှင့် အလိုအလျောက် မော်တော်ယာဥ်မောင်းခြင်း၊ စမတ်လူနာစောင့်ကြည့်ခြင်းစနစ်နှင့် စမတ်စားကျက်မြေစသည်တို့ကို ပြသမည် ဖြစ်သည်။

ဥုးကျင့်မြို့နယ်သည် တရုတ်ပြည်ရှိ သမိုင်းသက်တမ်း နှစ်ပေါင်းထောင်ချီရှိ မြို့နယ်ဟောင်းတစ်ခု ဖြစ်ပြီး ရေတသွင်သွင်စီးဆင်းပြီး စားသောက်ဖွယ်ရာ၊ စာပေ စသည့်ကဏ္ဍနှင့်စပ်လျှင်း၍ ယဥ်ကျေးမှု ထွန်းကားထောက်ပနေပါသည်။