ရှင်းကျန်းလူဦးရေဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စက္ကူဖြူစာတမ်းကို တရုတ် ထုတ်ပြန်

2021-09-26 19:31:12 |သတင်းအရင်းအမြစ် 新华网

စက်တင်ဘာလ၂၆ ရက်နေ့တွင် တရုတ်နိုင်ငံတော်ကောင်စီ သတင်းပြန်ကြားရေးရုံးသည် ရှင်းကျန်း လူဦးရေဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စက္ကူဖြူစာတမ်းကို ထုတ်ပြန်ပါသည်။

ယနေ့ရှင်းကျန်းဒေသတွင် စီးပွားရေးနှင့်လူမှုရေး ဘက်စုံဖွံ့ဖြိုးတိုးတက်လာပြီး လူမှုရေး အခြေအနေ ဆက်တိုက်တည်ငြိမ်လာကြောင်း၊ တိုင်းရင်းသား လူမျိုးစုံသည် အေးချမ်းစွာနေထိုင်ပြီး ပျော်ရွှင်စွာ အလုပ်လုပ်ကိုင်၍ လူဦးရေ ညီမျှစွာ ဖွံ့ဖြိုးတိုးတက်လာနေကြောင်း၊ အနာဂတ်ကာလတစ်ခုအတော အတွင်းတွင် ရှင်းကျန်းလူဦးရေ အထူးသဖြင့် တိုင်းရင်းသားလူမျိုးစုများ၏ လူဦးရေမှာ ခြေလှမ်းမှန်မှန်ဖြင့် တိုးများလာမည်ဖြစ်ကြောင်း၊ လူဦးရေအတိုင်းအတာ ဆက်တိုက်တိုးမျာလာပြီး လူဦးရေ အရည်အချင်း အဆက်မပြတ်မြင့်တက်လာကာ လူဦးရေ ရွေ့လျားမှု တိုးများလာမည် ဖြစ်ကြောင်း စက္ကူဖြူစာတမ်းတွင် ဖော်ပြပါသည်။

ရှင်းကျန်းလူဦးရေ ဖွံ့ဖြိုးတိုးတက်လာခြင်းကို အဖြစ်မှန်လေးစားသော ပုဂ္ဂိုလ်များသည် ငြင်းဆိုမည် မဟုတ်ကြောင်း၊ တရုတ်နိုင်ငံကို ဆန့်ကျင်သော နိုင်ငံခြားအင်အားများမှ လူမျိုးတုံးသတ်ခြင်းဟူသော မုတ်သားစကားဖြင့် နိုင်ငံတကာမိသားစုကြီးကို လိမ်လည်ပြီး တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို တားဆီးနှောင့်ယှက်ရန် ကြံစည်ချက်ကို ထမြောက်မည် မဟုတ်ကြောင်း စက္ကူဖြူစာတမ်းတွင် အလေးထားဖော်ပြပါသည်။