ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှု(SCO)အဖွဲ့ဝင်နိုင်ငံများ အကြမ်းဖက်နှိမ်နှင်းရေး စစ်ရေးလေ့ကျင့်မှုများကို ကြာသပတေးနေ့က ရုရှားနိုင်ငံ အိုရန်ဘာ့ဂ်ရှိ Donguzလေ့ကျင့်ရေးကွင်းတွင် ကျည်အစစ်ဖြင့် ပစ်ခတ်လေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါလေ့ကျင့်မှုသည် တစ်နာရီခန့်ကြာမြင့်ခဲ့ရာ ခြေလျင်တိုက်ခိုက်ရေးယာဉ်များ၊ ချေမှုန်းရေးယာဉ်များဖြင့် ပစ်မှတ်ကို တိုက်ခိုက်ချေမှုန်းရေးလေ့ကျင့်ခန်းများ ပြုလုပ်ခဲ့ကြသည်။
“ ငြိမ်းချမ်းရေးမစ်ရှင် ၂၀၂၁” တွင် ပါဝင်သည့်နိုင်ငံများက ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှု(SCO) အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် တရုတ်၊ ရုရှား၊ ကာဇက်စတန်၊ တာဂျစ်ကစ္စတန်၊ အိန္ဒိယ၊ ပါကစ္စတန်နှင့် ဥဇဘက်ကစ္စတန်တို့ဖြစ်သည်။