ကမ္ဘာ့ဉာဏပစ္စည်းမူပိုင်ခွင့်အဖွဲ့မှ မကြာသေးမီက ထုတ်ပြန်ခဲ့သော "၂၀၂၁ ကမ္ဘာလုံးဆိုင်ရာ ဆန်းသစ်တီထွင်မှုအညွှန်းကိန်း" အစီရင်ခံစာအရ တရုတ်နိုင်ငံသည် အဆင့် ၁၂ သို့ ရောက်ရှိခဲ့ပြီး ၂၀၂၀ ခုနှစ်နှင့် နှိုင်းယှဉ်ပါက အဆင့် ၂ ဆင့်တိုးမြင့်လာကြောင်း သိရပါသည်။ စက်တင်ဘာလ ၂၃ ရက်နေ့တွင်ကျင်းပသော ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကျောင့်လီကျိန်က အဆိုပါအစီရင်ခံစာအရ တရုတ်၏ တီထွင်ဆန်းသစ်မှု အညွှန်းကိန်းသည် ၂၀၁၃ မှစ၍ ၉ နှစ် ဆက်တိုက် တဖြည်းဖြည်း မြင့်တက်လာပြီး အလယ်အလတ်ဝင်ငွေ စီးပွားရေးတို့တွင် ပထမအဆင့်သို့ ရောက်ရှိလာကြောင်း၊ တရုတ်နိုင်ငံသည် မူပိုင်ခွင့်လျှောက်ထားမှု၊ ကုန်အမှတ်တံဆိပ် လျှောက်ထားမှု၊ စက်မှုဒီဇိုင်း၊ အဆင့်မြင့်နည်းပညာပို့ကုန်၊ ဖန်တီးမှုထုတ်ကုန်တင်ပို့မှုနှင့် ပြည်တွင်းဈေးကွက်အတိုင်းအတာ အပါအဝင် ညွှန်းကိန်း ၉ ခုတွင် ပထမအဆင့်သို့ ရောက်ရှိလာကြောင်း ပြောကြားခဲ့သည်ဟု သိရပါသည်။