၁၀၉ ကြိမ်မြောက် တရုတ်-လာအို-မြန်မာ-ထိုင်း မဲခေါင်မြစ်ပေါ် ပူးတွဲကင်းလှည့်မှုနှင့် ဥပဒေ စိုးမိုးရေးကို အောင်မြင်စွာပြီးမြောက်ခဲ့

2021-09-29 19:02:26 |သတင်းအရင်းအမြစ် 云南日报

စက်တင်ဘာလ ၂၄ ရက်နေ့ နံနက် ၉ နာရီတွင် တရုတ်တရားဥပဒေစိုးမိုးရေးလှေ သုံးစင်းသည် တရုတ်နိုင်ငံ စစ်ဆောင်းပန်းနားပြည်နယ်ခွဲ ကုန်လေဆိပ်ကမ်း၌ အောင်မြင်စွာ ဆိုက်ကပ်ခဲ့ပြီး ၁၀၉ ကြိမ်မြောက် တရုတ်-လာအို-မြန်မာ-ထိုင်း မဲခေါင်မြစ်ပေါ် ပူးတွဲကင်းလှည့်ရေးနှင့် တရားဥပဒေစိုးမိုးရေးကို အောင်မြင်စွာ ပြီးမြောက်စေခဲ့ကြောင်း သိရပါသည်။

အဆိုပါ လှုပ်ရှားမှုကို စက်တင်ဘာလ ၂၁ ရက်နေ့ တရုတ်ရိုးရာလမုန့်စားပွဲနေ့တွင် စတင်ခဲ့ကြောင်း၊ တရုတ်၊ လာအို၊ မြန်မာနှင့် ထိုင်းမှ သက်ဆိုင်ရာ ဥပဒေစိုးမိုးရေး ဌာနများသည် တရားဝင်လှေ ၅ စင်း၊ ဥပဒေအရာရှိ ၈၇ ဦးကို စေလွှတ်ခဲ့ပြီး ကီလိုမီတာ ၅၀၀ ကျော်ခရီးနှင့် ၄ ရက် ၃ ညကြာခဲ့ကြောင်း သိရပါသည်။ စစ်ဆင်ရေးအတွင်း နိုင်ငံအသီးသီးမှ တရားဝင်လှေများနှင့် ဥပဒေအရာရှိများသည် ပူးပေါင်းကင်းလှည့်ခြင်း ဥပဒေစည်းမျဉ်းများကို တင်းကျပ်စွာ လိုက်နာပြီး တရုတ်၊ မြန်မာ၊ လာအို ဆိပ်ကမ်းများမှ ထွက်ခွာခဲ့ပြီး မဲခေါင်မြစ်၏ အရေးပါသောနေရာများကို ထိရောက်စွာထိန်းချုပ်ရန် ပူးတွဲစစ်ဆင်ကြောင်း၊ မဲခေါင်မြစ် ဒေသရှိ ရာဇဝတ်မှုအမျိုးမျိုးကို ဆက်လက်နှိမ်နင်းရန် ပူးတွဲစစ်ဆင်ရေးများ ပြုလုပ်ခဲ့ကြောင်း သိရပါသည်။

အဆိုပါ ပူးတွဲကင်းလှည့်ရေးနှင့် ဥပဒေစိုးမိုးရေးဆောင်ရွက်မှု ပြီးစီးပါက အဆိုပါလေးနိုင်ငံ၏ တရားဝင်ဌာနများသည် မဲခေါင်မြစ်၏သက်ဆိုင်ရာရေပြင်များတွင် ကင်းလှည့်ခြင်းများကို ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ မဲခေါင်မြစ်ပေါ်တွင် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများကို တိုက်ဖျက်ရန် ပူးတွဲအထူးစစ်ဆင်ရေးများလုပ်ဆောင်ပြီး မဲခေါင်မြစ် လုံခြုံရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းရန် ကြိုးပမ်းအားထုတ်ကြောင်း သိရပါသည်။