မကြာသေးမီက နိုင်ငံတကာ အတိုင်ပင်ခံ အင်ဂျင်နီယာအဖွဲ့ချုပ် (FIDIC) "၂၀၂၁ ခုနှစ် FIDIC ကမ္ဘာလုံးဆိုင်ရာ အင်ဂျင်နီယာစီမံကိန်း" ဆုပေးပွဲအခမ်းအနားကို ဆွစ်ဇာလန်နိုင်ငံတွင် တိုက်ရိုက်ဗီဒီယိုထုတ်လွှင့်မှုဖြင့် ကျင်းပခဲ့ကြောင်း သိရပါသည်။ ယူနန်ပြည်နယ် တာလိ အမြန်လမ်းသည် "၂၀၂၁ ခုနှစ် FIDIC ကမ္ဘာလုံးဆိုင်ရာ အင်ဂျင်နီယာစီမံကိန်း ထူးချွန်ဆု" ကို ဆွတ်ခူးရရှိခဲ့ပြီး ယခုအကြိမ်ဆုပေးပွဲတွင် ကမ္ဘာပေါ်၌ တစ်ခုတည်းသော ဆုရသည့် အမြန်လမ်းဖြစ်ကြောင်း သိရပါသည်။ အဆိုပါဆုကို အင်ဂျင်နီယာလောကတွင် နိုဘယ်ဆု အဖြစ် လူသိများသည်။
“၂၀၂၁ ခုနှစ် FIDIC ကမ္ဘာလုံးဆိုင်ရာ အင်ဂျင်နီယာစီမံကိန်းဆု”၏ နောက်ဆုံးဆန်ခါတင် စာရင်းတွင်ပါရှိသော တရုတ်၊ အမေရိကန်၊ သြစတေးလျ၊ ကနေဒါ၊ ပြင်သစ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဗီယက်နမ်နှင့် အခြားနိုင်ငံများမှ အရည်အသွေးကောင်းမွန်သော ဆောက်လုပ်ရေးနှင့် အခြေခံအဆောက်အအုံ စီမံကိန်း ၂၂ ခုတွင် မီးရထားများ၊ အဝေးပြေးလမ်းများ၊ လေဆိပ်များ၊ တံတားများ၊ ဥမင်လိုဏ်ခေါင်း၊ လျှပ်စစ်၊ ရေထိန်းသိမ်းမှု၊ စွမ်းအင်၊ အားကစားကွင်းနှင့် အခြားအဓိကစီမံကိန်းများ ပါဝင်သည်။ ယှဥ်ပြိုင်မှုအပြီးတွင် ပီကင်းမြို့ တာရှင်းအပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် ဟောင်ကောင်-ဇူဟိုင်း-မကာအို တံတားကြီး အပါအဝင် နိုင်ငံ၏အဓိကစီမံကိန်းများသည် ဆုရခဲ့ကြပြီး ကမ္ဘာ့အဆင့်အမြင့်ဆုံး အင်ဂျင်နီယာစီမံကိန်းများကို ကိုယ်စားပြုကြောင်း၊ တာလိ အမြန်လမ်းသည် ယခုတစ်ကြိမ် ဆုပေးပွဲတွင် ကမ္ဘာပေါ်၌ တစ်ခုတည်းသော ဆုရသည့် အမြန်လမ်းဖြစ်ကြောင်း သိရပါသည်။