တရုတ်သိပ္ပံအကယ်ဒမီ ကူမင်း ရုက္ခဗေဒသုတေသနဌာန၏ ဖူလိကုံး ဖန်လုံအိမ်ထဲသို့ ဝင်ရောက်၍ အပူပိုင်းမိုးသစ်တောအတွင်း နေထိုင်သကဲ့သို့ ခံစားနိုင်ပြီး အာကာသ ငှက်ပျောသီး၊ ကြာပန်းကဲ့သို့ ထူးခြားဆန်းပြားသည့် ပန်းများနှင့် သစ်ပင်များ အလွန်များပြား သောကြောင့် လူတို့အား အံ့အားသင့် ထွေပြားသွားစေနိုင်သည်။
ဖူလိကုံး ဖန်လုံအိမ်၏ အဓိကအဆောက်အဦးသည် အမြင့်နှင့် အနိမ့်ပိုင်းနှစ်ခု ပါဝင်သော ဖန်လုံအိမ်ဖြင့် ဖွဲ့စည်းထားပါသည်။ ဖန်လုံအိမ်သည် မြောက်ဘက် ၇.၅ မီတာအမြင့်မှ တောင်ဘက်အမြင့်ဆုံးနေရာသို့ ၂၉.၉ မီတာအထိ မြင့်တက်လာသည်။ ဖူလိကုံးရှိ အကြီးဆုံးဖန်လုံအိမ်သည် စတုရန်းမီတာ ၄၂၀၀ ကျယ်ဝန်းပြီး အပူပိုင်းရေနေဒေသ၊ အပူပိုင်းသစ်သီးဧရိယာ၊ အပူပိုင်းမိုးသစ်တောဧရိယာနှင့် အပူပိုင်းသဲကန္တာရတို့ ပါဝင်သည်။ ဖန်လုံအိမ်ရှိ ကွေ့ကောက်သောလမ်းများသည် အထီးကျန်ပြီး ပြန့်ကျဲနေသည်။ အပင်အမျိုးအစားပေါင်း ၁၈၀၀ ကျော်ကို စုဆောင်းထားပြီး ကြွယ်ဝ၍ အံ့သြဖွယ် ကောင်းသော အပူပိုင်းသစ်သီးများနှင့် ရေနေအပင်များကို ပြသထားသည်။
COP15 အစည်းအဝေးကျင်းပသောကာလတွင် တရုတ်သိပ္ပံအကယ်ဒမီ ကူမင်း ရုက္ခဗေဒသုတေသနဌာနသည် အဆိုပါအစည်းအဝေး၏ ပြင်ပဆောင်ပုဒ်ပြပွဲစီမံကိန်းကို ဆောင်ရွက်ခဲ့ကြောင်း၊ ဗဟိုအချက်အချာဖြစ်သော ဖူလိကုံး ဖန်လုံအိမ်အစုအဖွဲ့သည် ဇီဝမျိုးစုံမျိုးကွဲများခံစားနိုင်သောပန်းခြံ ဖြစ်ပြီး ထူးခြားဆန်းပြားသော အပင်မျိုးစုံ ၂၅၀၀ ကျော်ကို ထိန်းသိမ်းစောင့်ရှောက်လျက်ရှိကြောင်း သိရပါသည်။