တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ် ကန်းကျဲ(တိဗက်လူမျိုး)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲ ရာလုံကျန်းမြစ်ပေါ်ရှိ လျန်ဟဲခို ရေအားလျှပ်စစ်စီမံကိန်းသည် ဗုဒ္ဓဟူးနေ့တွင် ဓါတ်အားထုတ်လုပ်လည်ပတ်နိုင်ပြီဖြစ်ကြောင်း သိရသည်။ ပျမ်းမျှပင်လယ်ရေမျက်နှာပြင်အထက် ၃,၀၀၀ မီတာရှိသည့် ယင်းစီမံကိန်းသည် တရုတ်နိုင်ငံတွင် အမြင့်ဆုံးနေရာ၌ရှိသည့် ရေအားလျှပ်စစ်စက်ရုံများအနက် တစ်ခုဖြစ်သည်။
အဆိုပါစက်ရုံသည် ပထမအသုတ် ဓါတ်အား 500,000 kW ထုတ်လွှတ်နိုင်သည့် ယူနစ် ၂ ခု စတင်လည်ပတ်ခြင်းဖြစ်ရာ စုစုပေါင်း စက်တပ်ဆင်စွမ်းအား ၃ သန်း kWရှိသည့် စီမံကိန်း စတင်ခြင်း၏အထိမ်းအမှတ်ဖြစ်ကြောင်း သိရသည်။ (Xinhua)