ဒေသစံတော်ချိန် အောက်တိုဘာ ၆ ရက်နေ့တွင် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ဝင်၊ ဗဟိုနိုင်ငံခြားရေးရာကော်မတီရုံးဥက္ကဌ ယန်ကျယ်ချီသည် အမေရိကန်သမ္မတ၏ နိုင်ငံတော်လုံခြုံမှုရေးရာလက်ထောက် စူလီဗန်နှင့် ဆွစ်ဇာလန်နိုင်ငံ ဇူရစ်ချ်မြို့၌ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။နှစ်ဖက်တို့သည် တရုတ်-အမေရိကန်ဆက်ဆံရေးနှင့် အတူဂရုစိုက်ကြသော နိုင်ငံတကာနှင့် ဒေသတွင်းရေးရာများနှင့်ပတ်သက်၍ ဘက်စုံ ပွင့်လင်းနက်ရှိုင်းစွာ အမြင်ချင်းဖလှယ်ခဲ့ကြသည်။ နှစ်ဖက်တို့သည် ဆောင်ရွက်ချက်များကို ကျင့်သုံးပြီး စက်တင်ဘာ ၁၀ ရက်နေ့ နှစ်နိုင်ငံ ထိပ်သီးခေါင်းဆောင်များ၏ တယ်လီဖုန်း ဆွေးနွေးခြင်း ရည်မှန်းချက် အကြောင်းအရာများကို ဖေါ်ဆောင်ရန်၊ တရုတ်-အမေရိကန်ဆက်ဆံရေးအား ပုံမှန်တည်ငြိမ်စွာ ဖွံ့ဖြိုးသော လမ်းကြောင်းမှန်သို့ ပြန်ရောက်ဖို့ အတူကြိုးပမ်းအားထုတ်ရန် သဘောတူကြပါသည်။(CRI Myanmar)