တရုတ်အမျိုးသားနေ့အားလပ်ရက်ကာလတွင် အနီရောင်ခရီးသွားလာရေး ရေပန်းစားခဲ့

2021-10-09 11:07:35 |သတင်းအရင်းအမြစ် 人民日报、新华网综合

ယခုနှစ် တရုတ်နိုင်ငံအမျိုးသားနေ့အားလပ်ရက်ကာလဖြစ်သော အောက်တိုဘာ ၁ ရက်မှ ၇ ရက်နေ့အထိ အနီရောင်ခရီးစဥ်အတွင်း ပါဝင်သူဦးရေသည် လွန်ခဲ့သောနှစ်အလားတူကာလထက် ၂၃၀ ရာခိုင်နှုန်း တိုးလာကြောင်း သတင်းအရ သိရပါသည်။

အနီရောင်ခရီးသွားလာရေးဆိုသည်မှာ တရုတ်ကွန်မြူနစ်ပါတီက ဦးဆောင်ပြီး တရုတ်ပြည်သူ များအတွက် လွတ်လပ်ရေးရရှိရန်၊ အေးချမ်းတည်ငြိမ်သော ဘဝရရှိရန် တော်လှန်ရေးပြုလုပ်ခဲ့ရာမှ ကြီးမားသော အောင်မြင်မှုအသီးအပွင့်ရရှိခဲ့သော အမှတ်တရနေရာ သို့မဟုတ် အမှတ်တရမှတ် တိုင်များရှိရာ နေရာသို့ ခရီးသွားရင်း သမိုင်းကြောင်းလေ့လာသော ခရီးသွားလာရေးပုံစံ ဖြစ်ပါသည်။

ယခုနှစ်ပိုင်းကာလတွင် တရုတ်နိုင်ငံ၌ အနီရောင်ခရီးသွားလာရေးက အချိန်နှင့်အမျှ ရေပန်းစားလာပြီး တရုတ်ပြည်တွင်းနေရာအသီးသီးတွင်လည်း တော်လှန်ရေးသမိုင်းအချက်အလက်ပါသော အမှတ် တရပစ္စည်းများ ဖန်တီးခြင်း၊ ခရီးစဉ်လမ်းကြောင်းဒီဇိုင်း ပြန်လည်ရေးဆွဲခြင်းမှတစ်ဆင့် ပိုများသော ခရီးသည်များကို ဆွဲဆောင်နေပါသည်။