ဒေသစံတော်ချိန် အောက်တိုဘာလ ၇ ရက်နေ့တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဒါရိုက်တာချုပ် တယ်ဒရိုးစ်သည် တစ်ကမ္ဘာလုံး ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှု မဟာဗျူဟာကို စတင်ဆောင်ရွက်မည်ဟု ကြေညာပြီး ယခုနှစ် နှစ်ကုန်မတိုင်မီ ကမ္ဘာ့လူဦးရေ ၄၀ ရာခိုင်နှုန်းအတွက် ကာကွယ်ဆေး ထိုးနှံပေးရန်၊ လာမည့်နှစ် နှစ်လယ်အထိ ကမ္ဘာ့လူဦးရေ ၇၀ ရာခိုင်နှုန်းအတွက် ကာကွယ်ဆေး ထိုးနှံပေးရန် မျှော်လင့်ကြောင်း၊ ယင်းမဟာဗျူဟာကို အကောင်အထည်ဖော်ဆောင်ရန် ကာကွယ်ဆေးလုံးရေ အနည်းဆုံး ၁၁ ဘီလီယံ လိုအပ်မည်ဖြစ်ပြီး ယခုအချိန်တွင် တစ်ကမ္ဘာလုံး၌ လစဉ်လတိုင်း ကာကွယ်ဆေးလုံးရေ ၁.၅ ဘီလီယံကို ထုတ်လုပ်နိုင်၍ ကာကွယ်ဆေးများကို တရားမျှတစွာ မျှဝေနိုင်လျှင် ယင်းမဟာဗျူဟာကို အကောင်အထည်ဖော်ဆောင်ရန် ကာကွယ်ဆေးလုံးရေ လုံလောက်မှာဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု China Media Group မှ သတင်းရရှိပါသည်။
ယခုနှစ် စက်တင်ဘာလ လကုန်အထိ တစ်ကမ္ဘာလုံးတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးလုံးရေ ၆ ဘီလီယံ ထိုးနှံပြီးပြီဖြစ်ကြောင်း သတင်းရရှိပါသည်။(CRI Myanmar)