အောက်တိုဘာလ ၈ ရက်နေ့တွင် တရုတ်နိုင်ငံတော်ကောင်စီ ပြန်ကြားရေးရုံးသည် “တရုတ်ပြည် ဇီဝမျိုးစုံမျိုးကွဲတည်ရှိမှု ထိန်းသိမ်းကာကွယ်ရေး“ စက္ကူဖြူစာတမ်းကို ထုတ်ပြန်ပြီး သတင်းစာရှင်းလင်းပွဲကို ကျင်းပခဲ့ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။
ကုလသမဂ္ဂ“ဇီဝမျိုးစုံမျိုးကွဲတည်ရှိရေးသဘောတူစာချုပ်” ၁၅ကြိမ်မြောက် စာချုပ်ဝင်နိုင်ငံများ အစည်းအဝေးကို ကျင်းပတော့မည်ဖြစ်ပါသည်။ “တရုတ်ပြည် ဇီဝမျိုးစုံမျိုးကွဲတည်ရှိမှု ထိန်းသိမ်းကာကွယ်ရေး” စက္ကူဖြူစာတမ်းထုတ်ပြန်ခြင်းသည် နိုင်ငံတကာ မိသားစုကြီးအား ဇီဝမျိုးစုံမျိုးကွဲတည်ရှိမှု ထိန်းသိမ်းကာကွယ်ရေးနယ်ပယ်၌ တရုတ်နိုင်ငံ၏ အတွေးအခေါ်နှင့် လက်တွေ့ဖော်ဆောင်မှုကို မိတ်ဆက်ရှင်းလင်းပြီး တရုတ်နိုင်ငံ၏ ဇီဝမျိုးစုံမျိုးကွဲတည်ရှိမှု ထိန်းသိမ်းကာကွယ်ရေးအပေါ် နိုင်ငံတကာမိသားစုကြီး၏ သိရှိနားလည်မှုကို တိုးပွားစေကာ တစ်ကမ္ဘာလုံး၌ ဇီဝမျိုးစုံမျိုးကွဲတည်ရှိမှု ထိန်းသိမ်းကာကွယ်ရေးအတွက် တရုတ်ဉာဏ်ဖြင့် အကျိုးပြုရန် ရည်ရွယ်ထားကြောင်း သတင်းရရှိပါသည်။(CRI Myanmar)