တရုတ်နိုင်ငံ၌ တောရိုင်းတိရစ္ဆာန်များအတွက် စားကျက်မြေများ ဆက်လက်ကျယ်ပြန့်လာကြောင်း စက္ကူဖြူစာတမ်းတွင် ဖော်ပြ

2021-10-11 11:37:37 |သတင်းအရင်းအမြစ် 新华网

တရုတ်နိုင်ငံ၌ တောရိုင်းတိရစ္ဆာန်များအတွက် စားကျက်မြေများသည် ကျယ်ပြန့်လာနေပြီး ၎င်းတို့၏ ပေါက်ဖွားမှုအကောင်ရေမှာလည်း တိုးပွားလာကြောင်း နိုင်ငံတော်ကောင်စီက အောက်တိုဘာ ၈ ရက်တွင် ထုတ်ပြန်သော စက္ကဖြူစာတမ်းတစ်စောင်တွင် ဖော်ပြထားသည်။

ပြီးခဲ့သော ဆယ်စုနှစ်လေးခုအတွင်း သဘာဝတောထဲတွင် ပန်ဒါကြီးအကောင်ရေသည် ၁၁၁၄ ကောင်မှ ၁၈၆၄ ကောင်ထိ တိုးပွားလာသည်။ အမောက်ရှိသောခရုစုပ်ဌက်အကောင်ရေသည် ၇ ကောင်မှ ၅၀၀၀ ကျော်အထိ တိုးလာခဲ့ကြောင်း “တရုတ်နိုင်ငံရှိ ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေး”ခေါင်းစဉ်ဖြင့် ထုတ်ပြန်သည့် စက္ကူဖြူစာတမ်းအရ သိရသည်။

သဘာဝတောထဲတွင် အာရှဆင်အကောင်ရေသည် ၁၉၈၀ ပြည့်လွန်နှစ်တွင် အကောင်ရေ ၁၈၀ မှ လက်ရှိတွင် အကောင်ရေ ၃၀၀ ခန့်အထိ တိုးပွားလာခဲ့သည်။ ဟိုင်နန်မျောက်လွှဲကျော် အကောင်ရေသည် လွန်ခဲ့သော နှစ် ၄၀ က အုပ်စုနှစ်စုတွင် ၁၀ ကောင်ထက်မပိုဘဲ ရှိရာမှ လက်ရှိတွင် အုပ်စုငါးခုတွင် ၃၅ ကောင်အထိ တိုးလာခဲ့ကြောင်း သိရသည်။

လှောင်အိမ်များတွင် မွေးမြူထားသော ပန်ဒါအရေအတွက်မှာ တိုးလာခဲ့ပြီး မျိုးသုဉ်းရန် အန္တရာယ်ရှိသော မျိုးစိတ်များ စာရင်းတွင် မျိုးပြုတ်မည့် အန္တရာယ် ရှိသည့် အဆင့်မှ နည်းပါးသော အဆင့်ထိ အဆင့်သတ်မှတ်ချက်ကို လျှော့ချနိုင်ခဲ့ကြောင်း စက္ကူဖြူစာတမ်းအရ သိရသည်။ (Xinhua)