လိုအပ်သောနည်းလမ်းမှန်သမျှဖြင့် အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ပြည့်စုံခြင်းကို ကာကွယ်မည်ဖြစ်သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနဆို

2021-10-11 11:44:08 |သတင်းအရင်းအမြစ် CRI

အမေရိကန်အထူးတပ်ဖွဲ့မှ တရုတ်နိုင်ငံ ထိုင်ဝမ်ဒေသတွင် ဒေသခံတပ်ဖွဲ့ကို လေ့ကျင့်ပေးခြင်းဆိုင်ရာ သတင်းထုတ်ပြန်ချက်နှင့်ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက အမေရိကန်နိုင်ငံအနေဖြင့် ထိုင်ဝမ် ပြဿနာ၏ အကဲဆတ်မှုနှင့် သက်ဆိုင်ရာပြဿနာ၏ ထိခိုက်မှုကို အပြည့်အဝ သိမြင်နားလည်သင့်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် လိုအပ်သောနည်းလမ်းမှန်သမျှဖြင့် အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ပြည့်စုံခြင်းကို ကာကွယ်မည်ဖြစ်ကြောင်း အောက်တိုဘာလ ၈ ရက်နေ့က ပြောကြားခဲ့ပါသည်။

အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနမှ အရာရှိက အမေရိကန်အထူးတပ်ဖွဲ့သည် တရုတ်နိုင်ငံ ထိုင်ဝမ်ဒေသတွင် ဒေသခံတပ်ဖွဲ့အား ၃၊ ၄ လကြာ လေ့ကျင့်ပေးခဲ့ကြောင်း ပြောကြားခဲ့သည်ဟု သက်ဆိုင်ရာသတင်းထုတ်ပြန်ချက်အရ သိရပါသည်။(CRI Myanmar)