ယခုလ ၁၁ ရက်နေ့တွင် ကုလသမဂ္ဂ “ဇီဝမျိုးစုံမျိုးကွဲတည်ရှိမှု ပဋိညာဉ်စာချုပ်” ၁၅ကြိမ်မြောက် စာချုပ်ချုပ်ဆိုဖက်များအစည်းအဝေးကို တရုတ်ကူမင်းမြို့၌ ဖွင့်လှစ်မည် ဖြစ်သည်။ အစည်းအဝေးမကျင်းပခင်က ၎င်းပဋိညာဉ်စာချုပ်ဆိုင်ရာ အတွင်းရေးမှူးရုံး အမှုဆောင်အတွင်းရေးမှူး Elizabeth Maruma Mremaက ဇီဝမျိုးစုံမျိုးကွဲတည်ရှိမှုကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းတွင် တရုတ်ပြည် ရရှိခဲ့သော အောင်မြင်မှုများကို လွန်စွာ ချီးကျူးပြီး အစည်းအဝေးပြင်ဆင်ရေးတွင် တရုတ်နိုင်ငံ၏ ကြိုးပမ်းဆောင်ရွက်မှုများကို ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။(CRI Myanmar)