ကုလသမဂ္ဂ "ဇီဝမျိုးစုံမျိုးကွဲတည်ရှိရေးစာချုပ်" ဒုအမှုဆောင်အတွင်းရေးမှူး ဒယ်ဗီ ကူပေက "ဇီဝမျိုးစုံမျိုးကွဲတည်ရှိရေး" ၁၅ကြိမ်မြောက် စာချုပ် ချုပ်ဆိုဖက်များ အစည်းအဝေး (COP15) ပထမအဆင့် အစည်းအဝေးတွင် "ရှင်းလင်းပြတ်သားသောဦးတည်ချက်" ဖြစ်တည်ပြီး လာမည့်နှစ် ဒုတိယအဆင့် အစည်းအဝေးတွင် "၂၀၂ဝပြည့်နှစ်နောက်ပိုင်း တစ်ကမ္ဘာလုံး ဇီဝမျိုးစုံမျိုးကွဲ တည်ရှိရေးမူဘောင်" စေ့စပ်ဆွေးနွေးရေးစာတမ်းကို သတ်မှတ်နိုင်ရန် မျှော်လင့်ကြောင်း အောက်တိုဘာလ ၁၀ရက်နေ့က ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။(CRI Myanmar)