နိုင်ငံတော်ဥယျာဉ်ကို အဓိကထားသော သဘာဝထိန်းသိမ်းရေးဇုန်စနစ်ကို တရုတ် အရှိန်မြှင့် တည်ဆောက်နေသည်ဟု ရှီကျင့်ဖိန် ဆို

2021-10-13 14:34:51 |သတင်းအရင်းအမြစ် CRI

တရုတ်နိုင်ငံတော်သမ္မတ ရှီကျင့်ဖိန်က ဇီဝမျိုးစုံမျိုးကွဲမှုကို ကာကွယ်ထိန်းသိမ်းရန် တရုတ်နိုင်ငံအနေဖြင့် နိုင်ငံတော်ဥယျာဉ်ကို အဓိကထားသော သဘာဝထိန်းသိမ်းရေးဇုန်စနစ်ကို အရှိန်မြှင့် တည်ဆောက်နေကြောင်း၊ သဘာဝဂေဟစနစ်တွင် အရေးအကြီးဆုံး၊ သဘာဝရှုခင်းအထူးခြားဆုံး၊ သဘာဝအမွေအနှစ်တွင် အနှစ်သာရအရှိဆုံး၊ ဇီဝမျိုးစုံမျိုးကွဲမှု အရှိဆုံးသော ဒေသများကို နိုင်ငံတော်ဥယျာဉ်စနစ်တွင် တဖြည်းဖြည်း ထည့်သွင်းမည်ဖြစ်ကြောင်း ပြောကြားပါသည်။(CRI Myanmar)