တရုတ်က လက်တွေ့ဆောင်ရွက်မှုဖြင့် ဘက်ပေါင်းစုံဝါဒကို အကောင်အထည်ဖော်သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဆို

2021-10-13 14:41:39 |သတင်းအရင်းအမြစ် CRI

၇၆ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ စီမံအုပ်ချုပ်ရေးနှင့် ဘတ်ဂျက်ကော်မတီ (ပဉ္စမကော်မတီ) အမြဲတမ်းအစည်းအဝေးများကို မကြာမီက ဖွင့်လှစ်ခဲ့ပါသည်။ ကုလသမဂ္ဂဆိုင်ရာ တရုတ်အမြဲတမ်းကိုယ်စားလှယ် ကျန်းကျွမ်က တရုတ်နိုင်ငံအနေဖြင့် ကုလသမဂ္ဂထံသို့ ကျခံသောငြိမ်းချမ်းရေးထိန်းသိမ်းမှုစရိတ်ကို ရာနှုန်းပြည့် ပေးခဲ့ပြီဖြစ်ကြောင်း အစည်းအဝေးတွင် ပြောကြားခဲ့ပါသည်။ အောက်တိုဘာလ ၁၁ရက်နေ့က ကျင်းပသော တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက တရုတ်နိုင်ငံအနေဖြင့် ယခုနှစ် နှစ်ကုန်အထိ ကျခံသော ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာစရိတ်ကို ရာနှုန်းပြည့် မကြာမီက ပေးခဲ့ပြီဖြစ်ကြောင်း၊ လက်တွေ့ဆောင်ရွက်မှုဖြင့် ဘက်ပေါင်းစုံဝါဒကို အကောင်အထည်ဖော်ပြီး ကုလသမဂ္ဂအပေါ် ထောက်ခံမှုကို ပြဆိုကြောင်း ပြောကြားခဲ့ပါသည်။

ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက ယခုနှစ်သည် တရုတ်နိုင်ငံမှ ကုလသမဂ္ဂတွင် တရားဝင်နေရာ ပြန်လည်ရရှိသည့် နှစ် ၅၀ ပြည့်မြောက်နှစ်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ကုလသမဂ္ဂကို အမြုတေထားသော နိုင်ငံတကာစနစ်ကို ပြတ်ပြတ်သားသား ကာကွယ်ထိန်းသိမ်းမည်ဖြစ်ကြောင်း၊ နိုင်ငံတကာရေးရာများတွင် ကုလသမဂ္ဂ၏ အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်ခြင်းကို အစဉ်တစိုက်ထောက်ခံမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။(CRI Myanmar)