တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်က တရုတ်နိုင်ငံအနေဖြင့် ကူမင်းဇီဝမျိုးစုံမျိုးကွဲရန်ပုံငွေ ထူထောင်ရန် ယွမ် ၁ ဒသမ ၅ ဘီလီယံ(အမေရိကန်ဒေါ်လာ ၂၃၃ သန်းခန့်) ရင်းနှီးမြှုပ်နှံခြင်းဖြင့် ဦးဆောင်သွားမည် ဖြစ်ကြောင်း အောက်တိုဘာ ၁၂ ရက်တွင် ပြောကြားခဲ့သည်။
ရှီသည် ဇီဝမျိုးစုံမျိုးစိတ်ကွဲများဆိုင်ရာ ကွန်ဗားရှင်း ၁၅ ကြိမ်မြောက် ညီလာခံ (COP15)၏ ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးသို့ ပေကျင်းမြို့မှ နေ၍ ဗီဒီယိုမှတစ်ဆင့် တက်ရောက်၍ မိန့်ခွန်းပြောကြားစဉ် ထိုကဲ့သို့ မှတ်ချက်ပြုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။အဆိုပါ ရန်ပုံငွေအား ဇီဝမျိုးစုံမျိုးကွဲ ကာကွယ်ထိန်းသိမ်းရေးတွင် ဖွံ့ဖြိုးဆဲနိုင်ငံများအား ထောက်ပံ့ရန် အသုံးပြုသွားမည် ဖြစ်ကြောင်း ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် ရန်ပုံငွေအတွက် အလှူငွေထည့်ဝင်ရန် နိုင်ငံများအားလုံးကို ဖိတ်ခေါ်ကြိုဆိုကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)