ဝမ်ယိသည် ဂျီ-၂၀ အုပ်စု၏ အာဖဂန်ရေးရာဆိုင်ရာ ခေါင်းဆောင်များ အထူး ထိပ်သီးအစည်းအဝေးသို့ တက်ရောက်

2021-10-14 10:20:44 |သတင်းအရင်းအမြစ် CRI

အောက်တိုဘာလ ၁၂ရက်နေ့ ညတွင် တရုတ်နိုင်ငံတော်သမ္မတ ရှီကျင့်ဖိန်၏ အထူးကိုယ်စားလှယ်၊ နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ပီကင်းမြို့၌ ဗီဒီယိုအသွင်ပုံစံဖြင့် ဂျီ-၂၀ အုပ်စု၏ အာဖဂန်ရေးရာဆိုင်ရာ ခေါင်းဆောင်များ အထူးထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။

ဝမ်ယိက လွန်ခဲ့သော နှစ် ၂၀ အတွင်း အာဖဂန် ရရှိခဲ့သည့် အတွေ့အကြုံနှင့် သင်ခန်းစာသည် နိုင်ငံအသီးသီး၏ ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်း လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ကို လေးစားခြင်းနှင့် မတူညီသည့် ယဉ်ကျေးမှုများအကြား အချင်းချင်း သက်ညှာထောက်ထားပြီး အပြန်အလှန် နည်းယူလေ့လာခြင်းကသာ နိုင်ငံအချင်းချင်း ဆက်ဆံသော မှန်ကန်သည့် လမ်းကြောင်းဖြစ်သည်ကို ထပ်မံဖော်ပြနိုင်ကြောင်း ပြောခဲ့ပါသည်။

ဝမ်ယိ တင်ပြသော အကြံပြုချက် ၄ ချက်တွင် ပြည်သူတို့၏ စားဝတ်နေရေးကို အရင်းခံခြင်းအား စွဲကိုင်ပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ရင်ဆိုင်ရန် အာဖဂန်ကို ကူညီပေးရန်၊ လက်ရှိနှင့် ရေရှည်အခြေအနေကို ဘက်ပေါင်းစုံမှနေ ထည့်သွင်းစဉ်းစားပြီး အာဖဂန်အား တံခါးဖွင့်မှုနှင့် သက်ညာထောက်ထားမှုရှိသည့် ဖွံ့ဖြိုးရေးလမ်းကြောင်းသို့ လျှောက်လှမ်းနိုင်ရန် တွန်းအားပေးရန်၊ လုံးဝ သည်းမခံနိုင်သည့် သဘောထားဖြင့် အာဖဂန်အား အကြမ်းဖက်ဝါဒမှ ကင်းဝေးစေဖို့ ဆောင်ရွက်ရန်၊ သဘောတူညီမှုများကို ကျယ်ကျယ်ပြန့်ပြန့် ရရှိပြီး အာဖဂန်နှင့်ပတ်သက်သည့် စနစ်များတွင် ပူးပေါင်းစုစည်းခြင်းကို မြှင်တင်ပေးရန် ပါဝင်ပါသည်။(CRI Myanmar)