တရုတ်ယွမ်ငွေအား မြန်မာဗဟိုဘဏ် ရောင်းဝယ်ခွင့်ပြု

2021-10-14 10:35:07 |သတင်းအရင်းအမြစ် CRI

အောက်တိုဘာလ ၁၂ ရက်နေ့က မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ကြေညာချက်တစ်ရပ် ထုတ်ပြန်ရာတွင် ထိုနေ့မှစပြီး မြန်မာနိုင်ငံပြည်တွင်းရှိ နိုင်ငံခြားငွေ ရောင်းဝယ်ခွင့်နှင့် လဲလှယ်ခွင့်ပြုသော လိုင်စင်ရ ဘဏ်များနှင့် ဘဏ် မဟုတ်သော ငွေလဲလှယ်ရေး ကုမ္ပဏီအဖွဲ့အစည်းများသည် တရုတ်ယွမ်ငွေကို ရောင်းဝယ်လဲလှယ်ခွင့်ရရှိကြောင်း ဖော်ပြပါသည်။

ယခင်က မြန်မာနိုင်ငံသည် အမေရိကန်ဒေါ်လာ၊ ယူရို၊ စင်ကာပူဒေါ်လာ၊ ထိုင်း ဘတ်ငွေ၊ မလေးရှား ရင်းဂစ်တို့ကို ရောင်းဝယ်လဲလှယ်ခွင့်ပြုပေးထားခြင်း ဖြစ်ပါသည်။(CRI Myanmar)