နိုင်ငံအသီးသီးမှ မီဒီယာများသည် တရုတ် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေးဆိုင်ရာ အောင်မြင်မှုအတွေ့အကြုံကို အလေးထား

2021-10-14 14:59:43 |သတင်းအရင်းအမြစ် 云南日报

အောက်တိုဘာလ ၁၂ ရက်နေ့တွင် တရုတ်နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်သည် ကူရှီမြို့၌ ကျင်းပသော “ဇီဝမျိုးစုံမျိုးကွဲများဆိုင်ရာပဠိညဉ်စာချုပ်” ၁၅ ကြိမ်မြောက် စာချုပ်ချုပ်ဆိုသောနိုင်ငံများ အစည်းအဝေး(COP15) ၏ ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးကို ဗီဒီယိုမှတစ်ဆင့် တက်ရောက် ခဲ့ပြီး အမှာစကားပြောကြားခဲ့ကြောင်း သိရပါသည်။ တရုတ်နိုင်ငံသည် ယွမ် ၁.၅ ဘီလီယံဖြင့် ကနဦးရင်းနှီးမြှုပ်နှံရန် ဦးဆောင်မည်ဖြစ်ကြောင်း၊ ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းရေးကို ပံ့ပိုးပေးနိုင်ရန် ကူမင်း ဇီဝမျိုးစုံမျိုးကွဲများရန်ပုံငွေကို တည်ထောင်မည်ဖြစ်ကြောင်း သမ္မတ ရှီကျင့်ဖိန် က ပြောကြားခဲ့သည်။

အဆိုပါလုပ်ဆောင်ချက်သည် ကမ္ဘာတစ်ဝှမ်းရှိ အဓိကမီဒီယာများနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့အစည်းများ၏ အာရုံစိုက်မှုနှင့် ချီးမွမ်းခြင်းကို နှိုးဆွပေးခဲ့ပြီး နိုင်ငံတကာ လူ့အဖွဲ့အစည်းသည် တရုတ်နိုင်ငံ၏ ဇီဝမျိုးစုံ မျိုးကွဲများထိန်းသိမ်းရေး အောင်မြင်မှုရလဒ်အတွက် အတည်ပြုချက်ကို ဖော်ပြနိုင်ရန် နိုင်ငံအသီးသီးမှ မီဒီယာများသည် တရုတ်နိုင်ငံ၏ ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးအောင်မြင်မှုရလဒ်များဆိုင်ရာ အကြောင်းအရာကို တင်ပြခဲ့ ကြောင်း သိရပါသည်။