အောက်တိုဘာလ ၁၃ ရက်နေ့ မွန်းလွဲပိုင်းတွင် ၂၀၂၀ ကုလသမဂ္ဂ ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ အစည်းအဝေး(အဆင့် ၁)မှ အဆင့်မြင့်အစည်းအဝေးမှ “ကူမင်းကြေငြာစာတမ်း”ကို တရားဝင်အတည်ပြုခဲ့ကြောင်း သိရပါသည်။ “ကူမင်းကြေငြာစာတမ်း”သည် နိုင်ငံရေးကြေငြာချက်ဖြစ်ပြီး အဆိုပါ အစည်းအဝေး၏ အဓိကရလဒ်ဖြစ်သည်။ အဆိုပါ ကြေငြာစာတမ်းသည် ထိရောက်သော “၂၀၂၁ခုနှစ် နောက်၍ တစ်ကမ္ဘာလုံး၏ ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ မူဘောင်”ကို ဆွဲပြီး ထိရောက်သောဖွံ့ဖြိုးရေးနှင့် အကောင်အထည်ဖော်ခြင်းကို အာမခံသည်ဟု ကတိပေး၍ လက်ရှိ ဇီဝမျိုးစုံမျိုးကွဲ ဆုံးရှုံးမှုကို ပြောင်းလဲနိုင်ကြောင်း၊ ဇီဝမျိုးစုံမျိုးကွဲများသည် ၂၀၃၀ ခုနှစ်တွင် နောက်ဆုံးထားကာ ပြန်လည်နာလန်ထူရေးလမ်းကြောင်းပေါ်တွင် သေချာစေရန် လုပ်ဆောင်ကြောင်း၊ “လူသားနှင့် သဘာဝအကြား သဟဇာတဖြစ်မှု”၏ ၂၀၂၅ ခုနှစ် မျှော်မှန်းချက်ကို ဘက်ပေါင်းစုံ အကောင်အထည်ဖော်မည်ဖြစ်ကြောင်း သတင်းအရ သိရပါသည်။