တရုတ်ယွမ် မြန်မာနိုင်ငံတွင် တရားဝင် ဝယ်ယူရောင်းချခွင့်ပြုသည့် နိုင်ငံခြားငွေ ဖြစ်လာခြင်းအပေါ် သူတို့ပြောစကား

2021-10-14 15:31:50 |သတင်းအရင်းအမြစ် 《吉祥》杂志

အောက်တိုဘာလ ၁၂ ရက်နေ့တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် တရားဝင် ဝယ်ယူရောင်းချခွင့်ပြုထားသော နိုင်ငံခြားငွေများတွင် တရုတ်ယွမ်နှင့် ဂျပန်ယန်း နိုင်ငံခြားငွေများကိုပါ ထပ်တိုးလိုက်ကြောင်း ညွှန်ကြားချက်ထုတ်ပြန်၍ တရုတ်ယွမ်နှင့် ဂျပန်ယန်းတို့ကို မြန်မာနိုင်ငံတွင် တရားဝင် ဝယ်ယူရောင်းချခွင့် ပြုလိုက်သည်။

"သတင်းကောင်းပါပဲ။ ဒီညွှန်ကြားချက်ကို ကျွန်တော်တို့ မြန်မာ-တရုတ် ကုန်သွယ်ရေး လုပ်ကိုင်နေသူတွေအားလုံး သိပြီးကြပြီဖြစ်လို့ ဒီကနေ့ အပြောဖြစ်ဆုံး သတင်းအကြောင်းအရာ ဖြစ်လာခဲ့ပါတယ်" မြန်မာနိုင်ငံ လာရှိုးမြို့က ကုန်သည် ဦးအောင်ဝင်း၏ အမြင်မှာ- မြန်မာနိုင်ငံက တရုတ်ယွမ်အား တရားဝင် ဝယ်ယူရောင်းချခွင့်ပြုသည့် နိုင်ငံခြားငွေအဖြစ် သတ်မှတ်လိုက်ခြင်းဖြင့် အရောင်းအဝယ်ပြုလုပ်ရာတွင် အမေရိကန်ဒေါ်လာကို ကြားခံငွေကြေးအဖြစ် အသုံးပြုစရာ မလိုတော့ဘဲ မြန်မာကျပ်ငွေ၊ သို့မဟုတ် တရုတ်ယွမ်ငွေကို တိုက်ရိုက် အသုံးပြုလာနိုင်မည် ဖြစ်ကြောင်း ထင်မြင်ပါသည်။ တရုတ်ကုန်ပစ္စည်းများမှာ ပစ္စည်းကောင်း၍ ဈေးနှုန်းချိုသာသောကြောင့် မြန်မာလူထု၏ ကြိုက်နှစ်သက်မှုကို နက်ရှိုင်းစွာ ရရှိထားကြောင်း၊ သူရောင်းချနေသည့် ကုန်ပစ္စည်းအများစုမှာ တရုတ်နိုင်ငံမှ တင်သွင်းခြင်းဖြစ်ကြောင်း၊ နောင်တွင် သူနှင့် တရုတ်မိတ်ဖက်များ လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်ရာတွင် ပိုမိုအဆင်ပြေချောမွေ့လာတော့မည်ဖြစ်ကြောင်း ဦးအောင်ဝင်းက ပြောပါသည်။

"ဒီဟာက ကျွန်တော်တို့ ကုန်သည်တွေအတွက် အများကြီး အဆင်ပြေလာစေပါတယ်" မြန်မာနိုင်ငံ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်း ဒုဥက္ကဋ္ဌ ဦးဝင်းဌေးသည် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံအကြား ပို့ကုန်သွင်းကုန်လုပ်ငန်း ကာလရှည်ကြာ လုပ်ကိုင်ဆောင်ရွက်လာခဲ့သူ ဖြစ်သဖြင့် နှစ်နိုင်ငံ၏ ကုန်သွယ်ရေးအနေအထားကို ကောင်းစွာ နားလည်သိကျွမ်းထားလေသည်။ မြန်မာ-တရုတ် နှစ်နိုင်ငံအကြားတွင် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု အခြေခံကောင်း ရှိကြောင်း၊ တစ်ဖက်နှင့်တစ်ဖက်မှာ အစဉ်သဖြင့် အရေးပါသော ကုန်သွယ်ရေး မိတ်ဖက်ကောင်းများ ဖြစ်ကြောင်း၊ သို့သော်ငြားလည်း တရုတ်ယွမ်မှာ မြန်မာနိုင်ငံ၏ နိုင်ငံခြားငွေဈေးကွက်တွင် တရားဝင် ဝယ်ယူရောင်းချခွင့် မရှိခဲ့သဖြင့် ငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုပိုင်းဆိုင်ရာ အဆင်မပြေမှုမှာ နှစ်နိုင်ငံကုန်သည်တို့အဖို့ ကုန်သွယ်ရာတွင် အခက်အခဲတစ်ခုအဖြစ် ရှိနေခဲ့ကြောင်း ဦး‌ဝင်းဌေးက ထင်မြင်ပါသည်။

သည့်မတိုင်မီက မြန်မာနိုင်ငံ၏ နိုင်ငံခြားငွေဈေးကွက်တွင် တရားဝင် ဝယ်ယူရောင်းချခွင့်ပြုထားသည့် နိုင်ငံခြား ၅ မျိုး ရှိခဲ့ရာ၊ ၎င်းတို့မှာ အမေရိကန်ဒေါ်လာ၊ ယူရို၊ စင်ကာပူဒေါ်လာ၊ ထိုင်းဘတ်၊ မလေးရှားရင်းဂစ်တို့ ဖြစ်ပေသည်။ "ကျွန်တော်တို့ မြန်မာ-တရုတ်နယ်စပ်ကုန်သည်တွေအနေနဲ့ တရုတ်ယွမ်ကို မြန်မာနိုင်ငံရဲ့ နိုင်ငံခြားငွေ ဈေးကွက်မှာ တရားဝင် ဝယ်ယူရောင်းချခွင့်ပြုတဲ့ နိုင်ငံခြားငွေ ဖြစ်လာစေဖို့ အစဉ်မျှော်လင့်တောင့်တခဲ့ကြပါတယ်" ဦးဝင်းဌေးက ပြောပြသည်မှာ- ထိုညွှန်ကြားချက် ထွက်လာပြီးနောက် သူတို့ကုန်သည်များအနေဖြင့် နိုင်ငံခြားသုံးငွေများရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင်ရဘဏ်များနှင့် ဘဏ်မဟုတ်သောကုမ္ပဏီအဖွဲ့အစည်းများတွင် တရုတ်ယွမ်ဖြင့် နိုင်ငံခြားငွေ လဲလှယ်လာနိုင်တော့မည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါ သက်သာပျောက်ကင်း၍ မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေး တစ်ဖန်ပြန်၍ စတင်လာချိန်တွင် နှစ်နိုင်ငံ ကုန်သည်များအနေဖြင့် ငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုတို့တွင် အဆင်ပြေလာတော့မည်ဖြစ်ကြောင်း ပြောပြပါသည်။

"တရုတ်ယွမ် မြန်မာနိုင်ငံမှာ တရားဝင် ဝယ်ယူရောင်းချခွင့်ပြုတဲ့ နိုင်ငံခြားငွေ ဖြစ်လာခြင်းက ဒီကနေ့အဖို့ သတင်းထူး ဖြစ်ပါတယ်" မြန်မာနိုင်ငံ ဝါရင့်မီဒီယာသမား၊ The Northern Light Journal အယ်ဒီတာချုပ် ဦးဝင်းတင်က သုံးသပ်သည်မှာ- တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းနိုင်ငံဖြစ်၍ နှစ်ဖက်စလုံးမှာ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်မှု အစရှိသည့် ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်တို့တွင် ကြီးမားသည့် အလားအလာကောင်းများ ရှိနေကြောင်း၊ ငွေကြေးဆိုင်ရာ အဆင်ပြေမှုကို ဆောင်ရွက်ပေးခြင်းက နှစ်နိုင်ငံ၏ သက်ဆိုင်ရာ နယ်ပယ်ကဏ္ဍများရှိ ပူးပေါင်းဆောင်ရွက်မှုများအား မောင်းနှင်အားအသစ်များ ထပ်တိုးပေးလာလိမ့်မည်ဖြစ်ကြောင်း သုံးသပ်ပါသည်။