ဒုတိယအကြိမ် ကုလသမဂ္ဂ ကမ္ဘာ့ဆက်တိုက်ဆောင်ရွက်နိုင်သော လမ်းပန်းဆက်သွယ်ရေး ညီလာခံ ဖွင့်ပွဲအခမ်းအနားတွင် ရှီကျင့်ဖိန် မိန့်ခွန်းပြောကြား

2021-10-15 10:46:38 |သတင်းအရင်းအမြစ် CRI

ယခုလ ၁၄ ရက်နေ့ ညက တရုတ်နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်သည် ဗီဒီယိုအသွင်ပုံစံဖြင့် ဒုတိယအကြိမ် ကုလသမဂ္ဂ ကမ္ဘာ့ဆက်တိုက်ဆောင်ရွက်နိုင်သော လမ်းပန်းဆက်သွယ်ရေး ညီလာခံ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး အရေးကြီး မိန့်ခွန်းပြောကြားသည်။

ရှီကျင့်ဖိန်က လမ်းပန်းဆက်သွယ်ရေးသည် စီးပွားရေးသွေးကြောနှင့် ယဉ်ကျေးမှု ပေါင်းကူးတံတား ဖြစ်ကြောင်း၊ ရှေးခေတ်က ရှေးဟောင်းပိုးလမ်းမကြီးနှင့် ပင်လယ်ခရီးသွားလမ်းကြောင်းမှ ယနေ့ခေတ်က ခေတ်မီလမ်းပန်းဆက်သွယ်ရေး ကွန်ရက်အထိ လမ်းပန်းဆက်သွယ်ရေးသည် စီးပွားရေး ရောနှောပေါင်းစပ်ခြင်းနှင့် ယဉ်ကျေးမှု ကူးလူးဖလှယ်ရေးကို တွန်းအားပေးပြီး ကမ္ဘာကို ရင်းနှီးစွာ ဆက်စပ်နေသော “ကမ္ဘာမြေကြီးရွာ” ဖြစ်လာစေကြောင်း အလေးထား ပြောကြားသည်။

ရှီကျင့်ဖိန်က လက်ရှိအချိန်တွင် နှစ်ပေါင်း၁၀၀၌ မကြုံစဖူး ကြီးမားသည့် ပြောင်းလဲမှု အခြေအနေနှင့် မကြုံစဖူး ဆိုးရွားသည့် ကပ်ရောဂါ အခြေအနေသည် ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူတို့၏ စားဝတ်နေရေး ကောင်းမွန်စေခြင်းအတွက် ဆိုးရွားသော စိန်ခေါ်မှုကို ဆောင်ကြဉ်းလာကြောင်း၊ မိမိတို့သည် ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်ရေး အခြေအနေနှင့် လိုက်လျောညီထွေစေပြီး ကမ္ဘာ့လမ်းပန်း ဆက်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးသင့်ကြောင်း၊ အခြေခံအဆောက်အအုံဆိုင်ရာ ဆက်သွယ်မှုကို တိုးမြှင့်ပြီး စနစ်နှင့် စည်းမျဉ်းဥပဒေဆိုင်ရာ ဆက်သွယ်မှုကိုလည်း တိုးမြှင့်ကာ ကုန်းကြောင်း၊ ပင်လယ်ရေကြောင်း၊ လေကြောင်းနှင့် ဆိုက်ဘာနယ်ပယ် ဆိုင်ရာ အပြန်အလှန် ဆက်သွယ်မှုများကို တွန်းအားပေးသင့်ကြောင်း အလေးထားပြောကြားသည်။

ရှီကျင့်ဖိန်က စမတ်လမ်းပန်းဆက်သွယ်ရေးနှင့် စမတ်ကုန်စည်ပို့ဆောင်ရေးကို အင်တိုက်အားတိုက် ဖွံ့ဖြိုးတိုးတက်စေပြီး ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်မှုရှိပြီး ကာဗွန်ထုတ်လွှတ်မှု နည်းပါးသည့် ဖွံ့ဖြိုးတိုးတက်သော စီးပွားရေးစနစ်ကို တည်ဆောက်သင့်ကြောင်း၊ စီးပွားရေး၊ လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုပုံစံကို ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်မှု ရှိသောပုံစံအဖြစ်သို့ ဘက်စုံပြောင်းလဲမှုကို တိုးမြှင့်ခြင်းသည် ဆက်တိုက်ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ဆောင်ရန် ရေရှည်နည်းလမ်း ဖြစ်ကြောင်း အလေးထား ပြောကြားသည်။

ရှီကျင့်ဖိန်က တရုတ်ပြည်သည် စစ်မှန်သော ဘက်ပေါင်းစုံဝါဒကို ဆက်လက် စွဲကိုင်ပြီး ကမ္ဘာနှင့် ဆက်သွယ်ရေး၊ ခေတ်ကာလနှင့် ဆက်နွယ်ထားခြင်းကို စွဲကိုင်ကာ ကိုယ့်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို အကောင်အထည်ဖော်ဆောင်သည့် တစ်ချိန်တည်းတွင် ကမ္ဘာ့ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပိုမို ကြီးမားသည့် အကျိုးပြုစွမ်းဆောင်မှုများကို ပြုလုပ်မည် ဖြစ်ကြောင်း အလေးထား ပြောကြားသည်။

နောက်ဆုံးတွင် ရှီကျင့်ဖိန်က တရုတ်ပြည်သည် တရုတ်ပြည် နိုင်ငံတကာ ဆက်တိုက်ဆောင်ရွက်နိုင်သော လမ်းပန်းဆက်သွယ်ရေး ဆန်းသစ်တီထွင်မှုနှင့် အသိပညာစင်တာကို ထူထောင်ပြီး ကမ္ဘာ့လမ်းပန်းဆက်သွယ်ရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အကျိုးပြု စွမ်းဆောင်မည် ဖြစ်ကြောင်း ပြောကြားသည်။(CRI Myanmar)