တရုတ်ပြည်၏ နိုင်ငံခြား ကုန်သွယ်မှု အခြေအနေ ကောင်းမွန်လာသည့် အလားအလာ ပြောင်းလဲခြင်း မရှိ

2021-10-15 11:00:43 |သတင်းအရင်းအမြစ် CRI

တရုတ် အကောက်ခွန်ရုံးချုပ်မှ ယခုလ ၁၃ ရက်နေ့က ထုတ်ပြန်သော နောက်ဆုံးစာရင်းအရ ယခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ တရုတ်ပြည်၏ ကုန်ပစ္စည်း ကုန်သွယ်မှု သွင်းကုန်ပို့ကုန် စုစုပေါင်း ပမာဏမှာ တရုတ်ယွမ်ငွေ ၂၈၃၃၀ ဘီလီယံရှိပြီး ယမန်နှစ် အလားတူ အချိန်ပိုင်းကထက် ၂၂့၇ရာခိုင်နှုန်း တိုးလာကြောင်း သိရသည်။ တရုတ် သွင်းကုန်ပို့ကုန် ပမာဏသည် လျင်မြန်သည့် တိုးနှုန်းကို ဆက်လက် ထိန်းသိမ်းထားနိုင်ခဲ့ကြောင်း၊ ယင်းသည် တရုတ်ပြည်၏ နိုင်ငံခြားကုန်သွယ်မှုက အားကောင်းသော ရေရှည်ခိုင်မာမှု ရှိပြီး နိုင်ငံခြား ကုန်သွယ်မှု အခြေအနေ ကောင်းမွန်လာသည့် အလားအလာ ပြောင်းလဲမှု မရှိခြင်းကို အပြည့်အဝ ပြဆိုနေကြောင်း China Media Groupက ဖော်ပြသည်။

တရုတ်ပြည်တွင်း စီးပွားရေး ဆက်တိုက် နာလန်ပြန်ထူလာခြင်းသည် နိုင်ငံခြား ကုန်သွယ်မှု အဆက်မပြတ် တိုးလာခြင်းအတွက် ခိုင်မာသည့် အခြေခံအုတ်မြစ် ဖြစ်ကြောင်း၊ တစ်ချိန်တည်းတွင် တရုတ်ပြည် ကျင့်သုံးနေသည့် အားကောင်းပြီး ထိရောက်သော မူဝါဒများသည် လုပ်ငန်းကုမ္ပဏီများ၏ ယုံကြည်မှုကို တိုးမြှင့်ပြီး နိုင်ငံခြား ကုန်သွယ်မှု၏ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် ပိုမိုများပြားသည့် ရှင်သန်မှုများကိုလည်း ဖော်ဆောင်ပေးနေကြောင်း၊ ထို့အပြင် ပြင်ပ ပတ်ဝန်းကျင် ကောင်းမွန်လာခြင်းသည် တရုတ်ပြည်၏ နိုင်ငံခြားကုန်သွယ်မှု အတွက် ကောင်းကျိုးများကို ဆောင်ကြဉ်းလာကြောင်း China Media Groupက ဖော်ပြသည်။

တစ်ကမ္ဘာလုံးတွင် ကုန်ပစ္စည်း ကုန်သွယ်မှု အကြီးဆုံးနိုင်ငံ ဖြစ်သည့်အနေဖြင့် တရုတ်ပြည်၏ နိုင်ငံခြား ကုန်သွယ်မှု ခြေလှမ်းမှန်မှန်ဖြင့် နာလန်ပြန်ထူလာခြင်းသည် ကမ္ဘာတစ်ဝန်း စက်မှုလုပ်ငန်းစနစ်နှင့် ထောက်ပံ့ရေးစနစ် တည်ငြိမ်စေရေးအတွက် အလွန်အရေးကြီးကြောင်း၊ ယခုနှစ်တွင် တရုတ်ပြည်၏ နိုင်ငံခြား ကုန်သွယ်မှုသည် ကမ္ဘာ့ အဓိက စီးပွားရေးအုပ်စုများ၌ ရှေ့ပြေးနေပြီး နိုင်ငံတကာ ဈေးကွက်တွင် တရုတ်ပြည်၏ အချိုးအစားလည်း တိုးမြင့်လာကြောင်း၊ ပိုမိုများပြားသည့် အချိုးအစားသည် တရုတ်ထုတ်ကုန်ပစ္စည်းများ အပေါ် ကမ္ဘာတစ်ဝန်း ဈေးကွက်မှ ဝယ်လိုအားနှင့် မှီခိုအားထားမှု တိုးပွားလာသည့် သဘောကိုဆောင်ကြောင်း၊ တံခါးဖွင့်မှု တိုးချဲ့ကျင့်သုံးနေသော တရုတ် ဈေးကွက်တွင် အားကောင်းသော ဝယ်လိုအားဆိုင်ရာ ငုပ်လျှိုးနေသော အင်အား ဆက်တိုက် ပေါ်လွင်လာပြီး ကမ္ဘာတစ်ဝန်း လုပ်ငန်းကုမ္ပဏီများနှင့်အတူ ဖွံ့ဖြိုးရေး ကောင်းကျိုးများကို အတူမျှဝေကြမည် ဖြစ်ကြောင်း China Media Groupက ဖော်ပြသည်။

တရုတ် စီးပွားရေး ရေရှည်ကောင်းမွန်လာသည့် အခြေခံအခြေအနေသည် ပြောင်းလဲခြင်း မရှိသောကြောင့် တရုတ်ပြည်၏ နိုင်ငံခြား ကုန်သွယ်ရေးသည် အရည်အသွေးမြင့်မားစွာ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ဆောင်ရန် အခြေအနေ ရှိပြီး တရုတ် စီးပွားရေး နာလန်ပြန်ထူခြင်း အတွက်ရော၊ ကမ္ဘာ့ စီးပွားရေး နာလန်ပြန်ထူခြင်း အတွက်ပါ အဆက်မပြတ် တွန်းအားပေးမည် ဖြစ်ကြောင်း China Media Groupက ဖော်ပြသည်။(CRI Myanmar)