ကမ္ဘာ့စားနပ်ရိက္ခာနေ့ အခမ်းအနားများ စတင်၊ တရုတ်ဥယျာဉ်ပန်းခြံပညာရှင်သည် “စားနပ်ရိက္ခာ သူရဲကောင်း”အဖြစ် အရွေးခံရ

2021-10-18 11:22:42 |သတင်းအရင်းအမြစ် CRI

အောက်တိုဘာလ ၁၆ ရက်နေ့သည် ကမ္ဘာ့စားနပ်ရိက္ခာနေ့ဖြစ်ပြီး ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် လယ်ယာစိုက်ပျိုးရေးအဖွဲ့သည် ၁၅ ရက်နေ့က အီတလီနိုင်ငံ ရောမမြို့တွင် အခမ်းအနားလှုပ်ရှားမှုများကို စတင်ပြုလုပ်ခဲ့ကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။ယခုနှစ်တွင် ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် လယ်ယာစိုက်ပျိုးရေးအဖွဲ့သည် “ စားနပ်ရိက္ခာ သူရဲကောင်း” ပုဂ္ဂိုလ်နှင့် အဖွဲ့ ၂၅ ခုကို ရွေးချယ် တင်မြှောက်ကာ ယင်းတို့အနက် ကျက်ကျန်းတက္ကသိုလ်မှ ဒုပါမောက္ခ ယေ့မင်လ်သည် လွန်ခဲ့သည့် ၃၅ နှစ်အတွင်း သစ်သီးသစ်ပင်စိုက်ပျိုးရေးနည်းပညာကို လေ့လာ ပြန့်ပွားခြင်းကြောင့် “စားနပ်ရိက္ခာသူရဲကောင်း”အဖြစ် အရွေးခံခဲ့ရကြောင်း သတင်းရရှိပါသည်။(CRI Myanmar)