ကုလသမဂ္ဂသို့ ပြန်လည် ဝင်ရောက်ခဲ့သည့် နှစ် ၅၀ အတွင်း တရုတ်နိုင်ငံသည် ကမ္ဘာကြီးသို့ ကျေနပ်ဖွယ်ရာ အဖြေ တစ်ရပ်ကို ပေးလိုက်သည်

2021-10-19 11:25:15 |သတင်းအရင်းအမြစ် CRI

ယခုနှစ်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံက ကုလသမဂ္ဂတွင် တရားဝင်နေရာ ပြန်လည် ရရှိခဲ့ခြင်း နှစ် ၅၀ ပြည့်မြောက်သည့်နှစ် ဖြစ်ပါသည်။

လွန်ခဲ့သည့်နှစ် ၅၀ အတွင်း တရုတ်နိုင်ငံသည် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည် ဖေါ်ဆောင်ခဲ့သည့် တစ်ချိန်တည်းတွင် နိုင်ငံကြီးအဖြစ် နိုင်ငံတကာ၌ တာဝန်ဝတ္တရားများကို ကျေပွန်စွာ ထမ်းဆောင်ပြီး ကုလသမဂ္ဂ၏ ကမ္ဘာ့ငြိမ်းချမ်းမှု ထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းကို အစဉ်တစိုက် ထောက်ခံ၍ အတူ ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးခဲ့ပါသည်။

ကုလသမဂ္ဂ ဇီဝမျိုးစုံမျိုးကွဲ တည်ရှိရေး သဘောတူစာချုပ် ၁၅ ကြိမ်မြောက် စာချုပ်ဝင် နိုင်ငံများ အစည်းအဝေးကို တရုတ်ပြည် ကူမင်းမြို့၌ ကျင်းပခဲ့ပါသည်။ ယင်းသည် တရုတ်နိုင်ငံက ကုလသမဂ္ဂသို့ ပြန်လည် ဝင်ရောက်ခဲ့သည့် နှစ် ၅၀ ပြည့် အခါသမယတွင် ကမ္ဘာကြီးသို့ ကျေနပ်ဖွယ်ရာ အဖြေတစ်ရပ် ပေးလိုက်ခြင်းပင် ဖြစ်ပါသည်။ ကုလသမဂ္ဂ ဇီဝမျိုးစုံမျိုးကွဲ တည်ရှိရေး သဘောတူစာချုပ် အတွင်းရေးမှူးဌာနမှ အမှုဆောင် အတွင်းရေးမှူး အီလီဇာဘ် မူလေမာက တရုတ်နိုင်ငံမှ တင်ပြသော ဂေဟစနစ် ယဉ်ကျေးမှု သဘောတရားမှာ နိုင်ငံအသီးသီးတို့က တစ်ကမ္ဘာလုံးဆိုင်ရာ ဇီဝမျိုးစုံတည်ရှိရေး ရည်မှန်းချက် ရရှိရန်အတွက် လွန်စွာအရေးကြီးကြောင်း ဖေါ်ပြခဲ့ပါသည်။

ကုလသမဂ္ဂသို့ ပြန်လည် ဝင်ရောက်ခဲ့သည့် နှစ် ၅၀ ပြည့်မြောက်ပြီးနောက် မတည်ငြိမ်ဖွယ်ရာ အကြောင်းရပ်များ အဆက်မပြတ် တိုးများလာနေသည့် ကမ္ဘာကြီးကို ရင်ဆိုင်လျက် တရုတ်နိုင်ငံသည် အပြုသဘောဆောင်သော တည်ငြိမ်သော အင်အားစု တစ်စုအဖြစ် ဆက်လက် ထမ်းဆောင်သွားမည် ဖြစ်ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။(CRI Myanmar)