တရုတ်နိုင်ငံ ရှီအံမြို့သည် အောက်တိုဘာလ ၁၈ ရက်နေ့တွင် ကိုဗစ်-၁၉ ပူးပေါင်း ကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ သတင်းစာရှင်းလင်းပွဲကို ကျင်းပခဲ့သည်။ အခြားဒေသမှ ခရီးသွားအဖွဲ့မှ လူ ၇ ဦးသည် ရှီအံမြို့၌ ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲစစ်ဆေးရာ Positive ပြသခဲ့ပြီးနောက် ရှီအံမြို့သည် စုံစမ်းစစ်ဆေးမှုနှင့် ထိန်းချုပ်မှုကို ဘက်စုံစွာ လုပ်ဆောင်ခဲ့ကြောင်း သိရပါသည်။ အောက်တိုဘာလ ၁၉ ရက်နေ့ နေ့လယ် ၁၂ နာရီအထိ လူဦးရေ ၂၁၃၅၃၀ ဦး၏ ဓာတ်ခွဲနမူနာများကို ရရှိခဲ့ပြီး စစ်ဆေးရာ ၎င်းအနက် ၁၃၅၀၁၆ ဦးသည် Negative ပြသပြီး ကျန်ရလဒ်များကို စောင့်ကြည့်ရမည် ဖြစ်ကြောင်း သိရပါသည်။ အတည်ပြုလူနာများ သွားရောက်လည်ပတ်ခဲ့သော ဒေသများအား ယာယီပိတ်ပြီး ထိန်းချုပ်ထားကာ ဆက်စပ်နေရာ စုစုပေါင်း ၂၂ ခုကို ယာယီပိတ်ပြီး ထိန်းချုပ်မှု အကောင်အထည်ဖော်ခဲ့သည်။ ပတ်ဝန်းကျင်မှ နမူနာ စုစုပေါင်း ၂၀၄၃ ခုကို စမ်းသပ်ခဲ့ရာ Negative ရလဒ် ရရှိပြီး စုစုပေါင်း ပိုးသတ်ဆေးဖြန်းခြင်း ဧရိယာသည် စတုရန်းမီတာ ၅၃၀၀၀၀ ခန့် ရှိကြောင်း သိရပါသည်။