၁၁၀ ကြိမ်မြောက် တရုတ်-လာအို-မြန်မာ-ထိုင်း မဲခေါင်မြစ်ပေါ် ပူးတွဲကင်းလှည့်ရေးနှင့် ဥပဒေစိုးမိုးရေးကို စတင်ပြုလုပ်

2021-10-21 09:50:23 |သတင်းအရင်းအမြစ် 新华网

အောက်တိုဘာလ ၁၉ ရက်‌နေ့တွင် တရုတ်-လာအို-မြန်မာ-ထိုင်း နိုင်ငံလေးနိုင်ငံသည် ၁၁၀ ကြိမ်မြောက် မဲခေါင်မြစ်ပေါ် ပူးတွဲကင်းလှည့်ရေးနှင့် ဥပဒေစိုးမိုးရေးလုပ်ဆောင်ချက်ကို စတင်ပြုလုပ်ခဲ့ကြောင်း သိရပါသည်။ နံနက် ၉ နာရီတွင် အဆိုပါလုပ်ဆောင်ချက်၌ ပါဝင်သော တရုတ် တရားဥပဒေစိုးမိုးရေးလှေ နှစ်စင်းသည် ယူနန်ပြည်နယ် စစ်ဆောင်းပန်းနား တိုင် တိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ ဂျင်ဟာဆိပ်ကမ်းမှ ထွက်ခွာပြီး လာအို၊ မြန်မာ တရားဥပဒေစိုးမိုးရေးလှေများနှင့် တွေ့ဆုံကာ ပူးတွဲကင်းလှည့်ရေးနှင့် ဥပဒေစိုးမိုးရေးလုပ်ငန်းများကို ဆောင်ရွက်ကြကြောင်း သိရပါသည်။

အဆိုပါ လုပ်ဆောင်ချက်သည် မဲခေါင်မြစ်တစ်လျှောက် တရားမဝင်နှင့် ရာဇဝတ်မှုများကို ပူးပေါင်းတိုက်ဖျက်ရန် စဉ်ဆက်မပြတ် နက်ရှိုင်းစွာပြုလုပ်ရန် ရည်မှန်းထားပြီး မဲခေါင်မြစ်‌ဒေသ၏ တည်ငြိမ်မှုနှင့် လုံခြုံရေးကို ကာကွယ်ထိန်းသိမ်းကြကြောင်း သိရပါသည်။